|
Friday, April 06, 2007 |
|
မိန်းမတစ်ယောက်ရဲ့ အသိဥာဏ်ဟာ တီထွင်ဖန်တီးဖို့ မဟုတ်ဘူး။ ချိုသာစွာ အမိန့်ပေးတတ်ဖို့ ဖြစ်တယ်။ စနစ်တကျဖြစ်အောင် စီမံတတ်ဖို့နှင့် အရည်အသွေးကို နားလည်တတ်ရမယ်။ ပြီးတော့ အသုံးကျမှုကိုသိဖို့နဲ့ ဘေးအနÅရာယ်နဲ့ ဖျားယောင်မှုက လွတ်ကင်းနေရမယ်။ မိန်းမကောင်း မိန်းမမြတ်ဟာ အမှားကင်းပြီး သွေဖည်ခြင်းကင်းရမယ်။ အင်းနောက်တော့ ဥာဏ်အမြော်အမြင်နဲ့ ပြည့်စုံနေရမယ်။ ဘ၀င်မြင့်ပြီး အကြင်နာကင်းတဲ့မာနက ကင်းရမယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိရမယ်။အေးချမ်းတည်ငြိမ်တဲ့ စိတ်နှင့်ပြည့်စုံပြီး မေတာစိတ်ဆင်ခြင်စိတ်ရှိအောင် အတွေးအခေါ်နဲ့ ပညာပြီးတော့ လောကဓံတရားကို ကောင်းကောင်းသဘောပေါက်သူ၊ သမိုင်းကို ထက်မြက်တဲ့စိတ်ကူးဥာဏ်နဲ့ ဖတ်နိုင်စွမ်း၊ နားလည်နိုင်စွမ်း နှင့် ဘေးဒုခတွေကို နှလုံးသွင်းတတ်တဲ့ ရင့်ကျက်စိတ်ရှိရမယ်။ မိန်းမတွေမှာ ပင်ကိုရှိနေတဲ့ နဂိုဗီဇစိတ်၊ ပါရမီစိတ်၊ သတိå၊ မေတာ၊ သစöာတရားတွေဟာ ဘ၀ရဲ့ မဏ္ဍိုင်တွေ ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲ ယုံကြည်ပြီး အောင်မြင်ထွန်းပေါက်အောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့သူ ဖြစ်နေစေရမယ်။ |
posted by yamin @ 5:59 AM  |
|
|
|
 |
|
|