|
Saturday, May 26, 2007 |
|
ဒီနေ့တော့ ကျွန်မ အချိန်ရသွားတယ်လေ။ တရုတ်တန်းကတော့ မဟုတ်ဘူး။ စာသွားသင်ရမှလေ။ တပည့်က မရှိတော့ ပျော်လိုက်တာ။ ဆရာကောင်း ပီသပါပေတယ် ဟိဟိ။ အဲဒါ ပြေးလာတာ။ ပြီတာ့ ဘာရေးမှမှန်းကို မသိဘူး။ အကြံပေးကြပါဦး။ ယမင်းလေ ခုဆို အချိန်က လုနေရတာလေ။ မနက်ပိုင်းကို သင်တန်းတက်တယ်။ ပြီးတော့ အလုပ်သွားတယ်။ အလုပ်ဆင်းတော့ စာသွားသင်တယ်လေ။ အိမ်ပြန်ရောက်တော့ မိုးက အရမ်းချုပ်နေပြီလေ။ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ထမင်းစားဟော ပြီးတော့ အချိန်က ည ၁၂ နာရီထိုးနေပြီ။ ပြီးတော့ စာဖတ်သေးတယ်လေ။ စာက သင်တန်းက စာ ဖတ်ဖို့ မအားဘူးလေ။ သင်ရမဲ့စာကို ကြည့်ရတာ။ ကိုယ်က ဘာမှ မသိဘဲနဲ့ သူများကို ဆရာက သွားလုပ်ချင်သေးတယ်လေ။ ဒီတော့ မိုးလင်းပြန်ထ ဆိုတော့ ပုံမှန်လည်ပတ်နေတယ်နော်။ လောကကြီးက ဒီလိုဘဲနဲ့တူတယ်။ |
posted by yamin @ 6:35 AM  |
|
1 Comments: |
-
ဒီပို့စ်ကို ဘလော့ဂ်ပေါ်မှာ မမြင်ရဘူး။ ကွန်မန့် ရေးတဲ့အချိန် Show Original Post ကို ကလစ်နှိပ်လိုက်မှ မြင်ရပါတယ်ခင်ဗျာ..
|
|
<< Home |
|
|
|
|
 |
|
|
ဒီပို့စ်ကို ဘလော့ဂ်ပေါ်မှာ မမြင်ရဘူး။ ကွန်မန့် ရေးတဲ့အချိန် Show Original Post ကို ကလစ်နှိပ်လိုက်မှ မြင်ရပါတယ်ခင်ဗျာ..