တိတ်တခိုး ၀န်ခံချက်
မင်းနဲ့တွေ့တိုင်း ဒိန်းခနဲမြည်တတ်တဲ့ ရင်ခုန်သံ ဖျတ်ခနဲ ပွင့်သွားတတ်တဲ့ ငါ့ရဲ့အသည်းတံခါး မင်းမသိအောင် တိတ်တိတ်ပြန်ပိတ် ငါ့နှလုံးသားကို အတင်းပြန်အိပ်ခိုင်းလိုတယ် ချစ်ခြင်းကို ၀န်ခံဖို့ ငါ့ရဲ့သတိတွေက ဘာကြောင့်မှန်းမသိအောင် ထိတ်လန့်မှုနှင့်အတူ ပျောက်ဆုံးနေပါရဲ့ကွယ်....
|