ခွဲခွာခဲ့ရသူများသို့ သတိရတမ်းတခြင်း
ဒီနေ့ တော်တော်ကို သတိရနေမိတယ်။ ညီမလေးတို့ရေ... တို့တွေ ခွဲခွာခဲ့တာ ဒီနေ့ဆို ရက် ၂၀ ရှိပြီနော်။ မမလည်း ဘယ်လိုမှန်းမသိဘူး တော်တော်ကို သတိရနေမိတယ်။ မနက်ထဲက မင်းတို့ ဘယ်လိုနေနေလဲ။ ဘာတွေလုပ်နေလဲ။ နေရောကောင်းရဲ့လား။ ရက် ၂၀ ဆိုပေမဲ့ မမရဲ့စိတ်ထဲမှ ရက်ပေါင်း ၂၀၀၀ လောက် ဝေးကွာနေတယ်လို့ ခံစားနေရတယ်။ မမလေ သတိရမိတာနဲ့ မျက်ရည်က ကျမိတယ်။ မနက်က ရုံးလာရင်းနဲ့လည်း လာမှာ မျက်ရည်ကျမိတယ်။ သံယောဇဉ်ရှိတဲ့သူတွေ ဘာလို့ခွဲခွာကြရတာလဲ။ လမ်းမှာလည်း ငိုမိတယ်။ တော်တော်ကို သတိရနေမိတယ်။ မင်းတို့ကတော့ သတိရမှာ မဟုတ်ပါဘူး။ သုံးယောက်လျှောက်နေတဲ့ လမ်းမှာ နှစ်ယောက်လျှောက်ရင် မသိသာပေမဲ့ ခုတော့ မမ တစ်ယောက်ထဲလျှောက်နေရတော့ ပိုပြီး သတိရမိတယ်။ မင်းတို့ နေတတ်အောင် နေပါ။ မမရဲ့မင်းတို့ကို လွမ်းလို့ကျလာတဲ့ မျက်ရည်တွေကို မင်းတို့အေးချမ်းအောင် မမလေ မိုးရေစက်တွေအဖြစ် ပြောင်းပေးလိုက်ပါတယ်နော်။ အဆင်ပြေရင် မမကို မေ့ထားလို့ ရပါတယ်။ အဆင်မပြေမှုနဲ့ ကြုံလာရင်တော့ မမကို မင်းတို့ သတိရပေးပါနော်။ တော်ပြီကွာ ငိုချင်လာပြီ။ ကောင်းကောင်းနေကြ။ |
ချက်လည်းချက်ဘူး..လမ်းမှာငိုလာတယ်တဲ့..
နာသိလိုက်ပါတယ်..
မိုးတွေညို့လာပြီ..ယမင်းငိုတော့မယ်ဆိုတာ..
ဟော...ပြောရင်းဆိုရင်းမိုးရွာလာပြီ..
ယမင်းရဲ့မျက်ရည်တွေပါလား...
အေးမြပါတယ်မယမင်းရယ်...
မိုးရေတွေအေးသလိုပဲယမင်းရဲ့စိတ်လေးလည်း
အေးချမ်းပါစေကွယ်..
လူဆိုတာပျော်ရာမှာမနေရ တော်ရာမှာနေရတာ သဘာဝပါသူငယ်ချင်းရယ်...