??????????? welcome to goldmyanmar
?????????? ?????????????????????????????? ????????????????????????
Monday, April 30, 2007
အချစ်စကားဆိုတာ တို့စိတ်တွေကို အလင်းရောင်နယ်မြေနဲ့ လောင်ကျွမ်းနေတဲ့ မီးတောက်တွေထဲက မြှင့်တင်ပို့ဆောင်ပေးမဲ့ ကောင်းကင်ဘုံက တေးတစ်ပုဒ်ဖြစ်တယ်.......
posted by yamin @ 5:19 AM
Sunday, April 29, 2007
ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူ လူအများကိုလည်း လေးစားတဲ့သူရဲ့မျက်နှာဟာ အင်မတန် ကျက်သရေရှိတယ်။ ခင်မင်စရာ လေးစားစရာကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်း ပိုအေးချမ်းတယ်။ နူးညံ့တယ်။ ဒီလိုလူဟာ လူ့အသိုင်းအ၀ိုင်းရဲ့ ကျက်သရေဆောင်လည်း ဖြစ်တယ်။ သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင် လုပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် တော်တဲ့သူ စွမ်းတဲ့ ထက်တဲ့သူလို့ ခံစားရသလား။ သူများကိုယ်ကို ကြောက်နေမှ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။ သူများ ဂုဏ်သိက္ခာကျသွားမှ ကိုယ့်ဂုဏ်သိက္ခာတက်မှာလား။ ဒီမေးခွန်းတွေကို သေသေချာချာ စဉ်းစားသင့်တယ်နော်။ တကယ် လွတ်လပ်တဲ့သူ၊ စိတ်အေးချမ်းတဲ့သူ ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်စေချင်ပါတယ်။
posted by yamin @ 5:31 AM
သေမင်း ဆောင်ယူသည်ကို မည်သူမျှ မတားဆီးနိုင်........... ကောင်းကင်ဘုံက ချီးမြင့်သည်ကို မည်သူမျှ အပြစ်မပေးနိုင်......... အချစ်၏ ပေါင်းစည်းခြင်းကို မည်သူမျှ မခွဲနိုင်....... သံသရာ၏ အစီအမံကို မည်သူ တစ်ဦးတစ်ယောက်မျှ မပြောင်းလဲနိုင်ပါ........
posted by yamin @ 5:21 AM
Thursday, April 26, 2007
The Power is Real The Story is Forever. The Time is Now. သင်ဘာဖြစ်ချင်ပါသလဲ ယခုအချိန်သည် အကောင်းဆုံးပါပဲ။ ယခုပဲ.... ကောင်းမှုမြတ်နိုး ကောင်းအျောင်ကြိုး ကောင်းကျိုးကိုယှ်ု တည်စေသတည်း.....
posted by yamin @ 5:51 AM
နာကျင်တယ်ဆိုတာ ဒဏ်ရာအကြီးအသေးနဲ့ မဆိုင်ပါဘူး..... ခံစားမှုတွေ ဘယ်လောက်ရင်းနှီး မြှုပ်နှံထားသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်.......
posted by yamin @ 5:34 AM
ဆန္ဒ တို့မေဂျာတူ သတ္တဗေဒ ဆုံဆည်းခဲ့ရ မောင်နှမတွေသည် ချစ်ခင်ကြည်ဖြူ ညီတူလက်တွဲ အသွင်မကွဲ တစေမြဲခဲ့ ရယ်မောရွှင်ပျ အမှတ်တရများစွာ ရင်မှာဖြစ်တည် ကြွင်းကျန်ရစ်ပြီ သက်ဆုံးတိုင် မမေ့စေချင်တော့သည်........
posted by yamin @ 5:07 AM
Tuesday, April 24, 2007
posted by yamin @ 6:10 AM
Sunday, April 22, 2007
အပြုံးနှင့် တုံ့ပြန်ပါ
ကျွန်မတို့ ဥယျာဉ်ကြီးတစ်ခုထဲကို ရောက်သွားရင် ကျွန်မတို့ရဲ့အာရုံဟာ ပွင့်နေတဲ့ ပန်းများဆီ ရောက်သွားတယ်။ ဓာတ်ပုံရိုက်နေတဲ့သူများဟာ အမြဲမပြတ်ပြုံးနေတဲ့မျက်နှာရှိသူများရဲ့ ပုံကိုပဲ ရိုက်ယူကြတယ်။ လောကမှာ ပြုံးရွှင်နေတဲ့ လူများကိုပဲ နှစ်သက်ကြတယ်နော်။ မျက်မှောင်ကုတ်ပြီး မျက်နှာထားတင်းမာနေတဲ့လူနဲ့ မျက်နှာ အမူအရာ မရွှင်မပျဖြစ်နေတဲ့လူတွေကို ဘယ်သူမှ မချဉ်းကပ်လိုကြဘူး။ မိမိတို့က ပြုံးရယ်နေရင် ကမ္ဘာလောက ကြီးကလည်း မိမိတို့နဲ့အတူ ပြုံးရယ်နေလိမ့်မယ်။ မိမိတို့က ငိုနေရင်တော့ မိမိတို့နဲ့အတူ ဘယ်သူကမှ လိုက်ငိုမှာ မဟုတ်ဘူး။ မိတ်ဆွေအနေနဲ့လည်း ပြုံးပြုံးရွှင်ရွှင်နေတတ်အောင် ကြိုးစားပါ။ မိမိရဲ့ မျက်နှာပြုံးပြုံးရွှင်ရွှင် ဖြစ်နေရင် တခြားသူများက မိမိကို မိတ်လာမဖွဲ့ဘဲနေမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်နော်။ အမြဲ ပြုံးပျော်ရွှင်ပြီး မိတ်ဆွေအပေါင်း တိုးပွားနိုင်ကြပါစေလို့ ယမင်း ဆုတောင်းပေးလိုက်ပါတယ်။
posted by yamin @ 7:04 AM
Saturday, April 21, 2007
Literature is the orchestration of platitudes. Hope for the best but prepare for the worst.
posted by yamin @ 4:36 AM
Friday, April 20, 2007
posted by yamin @ 6:31 AM
အချစ်ဆိုတာ........ ဒုက္ခရဲ့ နိဒါန်း သောကရဲ့ မြစ်ဖျား အလွမ်းရဲ့ ဗဟို အပြိုပြို အလဲလဲ ငိုလို့မဆုံးတဲ့ ပွဲတစ်ပွဲပေါ့....... Love is..... preferce of trouble beginer of river of care centre of sentimentality topple down a care that never end of crying......
posted by yamin @ 6:08 AM
ကိုယ်အလိုချင်ဆုံးအရာ
ကိုယ်အလိုချင်ဆုံးအရာ ရနံ့သင်းတဲ့ ပင်ထက်မြင့်တဲ့ တစ်နှစ်တစ်ခါ ပွင့်လန်းလာတဲ့ သဇင်ပန်းလဲ မလိုချင်ဘူး ကင်းမဲ့နံ့ဆင်း ရောင်ဝါစုံသန်း စက္ကူပန်းလဲ မလိုချင်ဘူး နံ့သာထုံသင်း အဆင်းတွေဖြာ တင့်တယ်သာသော တစ်ပွင့်ထဲသော မေတ္တာပန်းဘဲ လိုချင်တယ်....
posted by yamin @ 4:58 AM
သြော်..... နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လို့လာပြီ နှစ်သစ်မှာ ငါ ဘာတွေလုပ်မလဲ စဉ်းစားဖို့ လိုလာပြီ အခုမှ စဉ်းစားရမှာ တချို့ကပြောကြတယ် ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့ ကျွန်မအထင်ကတော့ ပြီးမယ် မထင်ဘူး ဘာလို့လဲဆိုတော့ အတိတ်ဆိုတာ လူတိုင်းမှာ ရှိတယ်လေနော် တမ်းတဖို့မှ မဟုတ်တာ၊ အနာဂတ်လဲဒီလိုပဲ စိတ်ကူးယဉ်နေရုံနဲ့ ဘာမှမဖြစ်လာဘူးလေ၊ အဓိက ကတော့ ယခုလက်ရှိအချိန်ဟာ အရေးကြီးဆုံးပဲလေ ဒီတော့ ဘာပဲလုပ်လုပ် အမှားအမှန် ခွဲခြားသိမြင်ပြီး မကောင်းမှုကို အဝေးကရှောင်ပြီး အသိတရားလေး ကိုယ်မှာကပ်ပြီး တစ်နေ့ထက် တစ်နေ့ အောင်မြင်တိုးတက်မှု ရှိဖို့ လိုအပ်နေတယ်လို့ ကျွန်မ သဘောပေါက်လိုက်မိပြီ သူငယ်ချင်းတို့ရယ်..... မင်းတို့ကော ဟင်.......
posted by yamin @ 3:43 AM
Thursday, April 19, 2007
posted by yamin @ 8:13 AM
တစ်ဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မဲ့သူ ပေါ်လာမှာပါ................. တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကိုမြတ်မြတ်နိုးနိုး ကြင်နာမဲ့သူ ရောက်လာမှာပါ........... တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတတ်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမဲ့သူ ရှိလာမှာပါ.................. တူသော အကျိုးပေးတတ်တဲ့ ကံတရားကို ဘယ်သူများ ဟန့်တားနိုင်တာ မှတ်လို့ ..............နော် ဟိဟိ ယမင်း ပြောတာ မဟုတ်ဘူးနော်.......... အရှင်ဆနာဓိက ပြောတာ ဟီးဟီး ဟုတ်မယ် ထင်တယ်နော်................. ကြိုးစားကြပေါ့............ ယမင်းတော့ ကြိုးစားတုန်း........................ဟိဟိ
posted by yamin @ 5:47 AM
Thursday, April 12, 2007
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနိးကာလ၊ နှစ်ဟောင်းကို စွန့်ခွာပြီး နှစ်သစ်မှာ ခြေမချခင် လမ်းဆုံမှာ ခြေစုံရပ်ပြီး ဆင်ခြင်သုံးသပ်ရပါမယ်။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါ မသေခဲ့လို့ပဲ၊ နှစ်ဟောင်းမှာ မသေခဲ့ပေမဲ့ နှစ်သစ်ကိုရောက်တာနဲ့ ငါ့အသက်တစ်နှစ်ကြီးလာပြီ၊ သေဖို့ တစ်နှစ် ပိုနီးလာပြီ။ နှစ်သစ်ရဲ့ ရက်စွဲတစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းတရားကို လွန်မြောက်ခဲ့ပေမဲ့ နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ်။ နှစ်ဟောင်းမှာ ငါဘာတွေ လုပ်ခဲ့လဲ။ ငါ့အတွက် ဘာအကျိုးတွေ ခံစားရလဲ။ စဉ်းစားဖို့ လိုလာပြီနော်။ ပြီးတော့ နှစ်သစ်မှာရော အချိန်တွေ ဖြုန်းမှာလား။ အချိန်တွေ သုံးမှာလား။ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ ကိုယ်လုပ်သင့်တဲ့ အလုပ်ဆိုတာ မသေခင်ကာလလေးမှာပဲ လုပ်ပိုင်ခွင့်ရှိပါတယ်။ သေပြီးရင် ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ပါဘူး။ ခုလို နှစ်ဟောင်းကုန်ကျူး နှစ်သစ်ကူးတော့မဲ့ အချိန်ကာလမှာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ သေခြင်းတရားကိုလည်း သတိရနေမိတယ်။ ဒါကြောင့် သင်တို့အားလုံးကော မသေခင် ဘာလုပ်ကြမလဲ ဟင်..........................
posted by yamin @ 4:13 AM
Myanmar New Year & Thingan Festival Thingyan marks the changing of the old year to the new. Actually, it is the Myanmar New Year Festival. The Myanmar New Year usually falls on the second week of April on the 13th or on the 14th. It lasts for three or four days. It is said that the festival period begins when the Thagyarmin, the king of the celestial Beings, desends from his abode to the earth. Thingyan comes when the summer's heat is at its peak. New Year is the time fro people to cleans themselves of the defilements they might have collected during the year and look forward to a better life. Time - Ahyo/ Akya/ Akyat/ Atet Day Food - special Thingyan rice Shwe-yin-aye/ Moant-let-sound Moant-lone-ye-baw sa-gu/ satu-ditha feeding Flower - padauk/ngu-shwe-war/thabye-gangaw Song - mantaung yeikkho (myananda) tu-po tu-po/ ye-nan-tha-bin sha-bon-daw-min-tha-gyi
posted by yamin @ 3:05 AM
Wednesday, April 11, 2007
posted by yamin @ 5:37 AM
Tuesday, April 10, 2007
posted by yamin @ 5:15 AM
Never..... Never......Never..... Never give up
posted by yamin @ 4:55 AM
ရင်ထဲကပန်း ပွင့်တော့ပွင့်မည် ဘယ်ဝယ်ဆီမသိ သခင်သိလို့ အကြောင်းပေး မြောင်းကလေးဖွင့်မှ ပွင့်ရမှန်းသိ.... ပွင့်တော့ပွင့်ပြီ ဘယ်ဝယ်ဆီမသိ သခင်သိလို့ ပန်ပါမှ ဆံလွှာမှာ ရနံ့တွေ ထုံလို့ ပန်းက ဂုဏ်ရှိ......
posted by yamin @ 6:33 AM
မိန်းမတစ်ယောက်ရဲ့ အသိဥာဏ်ဟာ တီထွင်ဖန်တီးဖို့ မဟုတ်ဘူး။ ချိုသာစွာ အမိန့်ပေးတတ်ဖို့ ဖြစ်တယ်။ စနစ်တကျဖြစ်အောင် စီမံတတ်ဖို့နှင့် အရည်အသွေးကို နားလည်တတ်ရမယ်။ ပြီးတော့ အသုံးကျမှုကိုသိဖို့နဲ့ ဘေးအနÅရာယ်နဲ့ ဖျားယောင်မှုက လွတ်ကင်းနေရမယ်။ မိန်းမကောင်း မိန်းမမြတ်ဟာ အမှားကင်းပြီး သွေဖည်ခြင်းကင်းရမယ်။ အင်းနောက်တော့ ဥာဏ်အမြော်အမြင်နဲ့ ပြည့်စုံနေရမယ်။ ဘ၀င်မြင့်ပြီး အကြင်နာကင်းတဲ့မာနက ကင်းရမယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိရမယ်။အေးချမ်းတည်ငြိမ်တဲ့ စိတ်နှင့်ပြည့်စုံပြီး မေတာစိတ်ဆင်ခြင်စိတ်ရှိအောင် အတွေးအခေါ်နဲ့ ပညာပြီးတော့ လောကဓံတရားကို ကောင်းကောင်းသဘောပေါက်သူ၊ သမိုင်းကို ထက်မြက်တဲ့စိတ်ကူးဥာဏ်နဲ့ ဖတ်နိုင်စွမ်း၊ နားလည်နိုင်စွမ်း နှင့် ဘေးဒုခတွေကို နှလုံးသွင်းတတ်တဲ့ ရင့်ကျက်စိတ်ရှိရမယ်။ မိန်းမတွေမှာ ပင်ကိုရှိနေတဲ့ နဂိုဗီဇစိတ်၊ ပါရမီစိတ်၊ သတိå၊ မေတာ၊ သစöာတရားတွေဟာ ဘ၀ရဲ့ မဏ္ဍိုင်တွေ ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲ ယုံကြည်ပြီး အောင်မြင်ထွန်းပေါက်အောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့သူ ဖြစ်နေစေရမယ်။
posted by yamin @ 5:59 AM
မဖြေရှင်းနိုင်တဲ့ ပြသာနာတွေကြားထဲ ရောက်နေတဲ့အခါ တအုံနွေးနွေးနဲ့ ရင်လေးမနေပါနဲ့.... သေချာစဉ်းစား အနာခံထိုးဖောက် လွတ်မြောက်အောင် ရုန်းကန်လိုက်ပါ.... မိတ်ဆွေတို့အတွက် မျှော်လင့်ချက် မနက်ဖြန် ရှင်သန်ပျိုမျစ် ပျော်စရာနေ့သစ်တွေ မလွဲမသွေရောက်လာမှာပါ....
ကဲ.... ဒီတော့ မိတ်ဆွေ ပြသာနာအခက်အခဲတွေကို ရဲရဲတင်းတင်းနဲ့ ဖောက်ထွင်းကျော်ဖြတ်လိုက်ပါ....
posted by yamin @ 4:44 AM
Thursday, April 05, 2007
လူလောကမှာပျော်ရွှင်စွာ အသက်ရှင်ရမှဘ၀တန်ဖိုးရှိလိမ့်မယ်....တန်ဖိုးရှိတဲ့ဘ၀ကိုအလိုလိုနေရင်း မရနိုင်ပါဘူးကြိုးစားလေ့ကျင့်ယူမှရနိုင်တယ်ဆိုတာအားလုံးကိုသိစေချင်ပါတာ်....
posted by yamin @ 6:42 AM
ဘာပဲလုပ်လုပ် အဆင်မပြေနိုင်မှုတွေသာ ပဲ့တင်ထပ်နေတဲ့ နေ့စ္စဓူဝမှာ စိတ်ကျလေကြမ်းတွေ ငါ့ဘ၀အိပ်ခန်းထဲတိုးဝှေ့ အိပ်မွေ့ချခံထားရတဲ့ ယုံကြည်ချက်နဲ့ အငိုမတတ်ဘဲကျတဲ့ မျက်ရည်တွေကို သတ်ပုံစစ်ဖို့တောင် မေ့လျော့နေတော့တယ်.......
posted by yamin @ 5:49 AM
Tuesday, April 03, 2007
ညတစ်ညမှာလတစ်လ
မရှိရင်ကြယ်တစ်
ပွင့်ဟာသာယာသင့်ရဲ့လား.......
posted by yamin @ 8:01 AM
သင်္ကြန်နဲ့ ပိတောက် ခွဲလို့မရဘူး တဲ့.....။ တစ်နှစ်ကုန်လို့ နှစ်သစ်ကို ကူးတော့မယ်...။ ရှေးလူကြီးတွေ ပြောစကားရှိတယ်.. နှစ်ဟောင်းက အညစ်အကြေးကို နှစ်သစ်မပါအောင် သင်္ကြန်ရေနဲ့ ဆေးရတယ်တဲ့...။ သင်္ကြန်ရေနဲ့ဆေးတိုင်း စိတ်အညစ်အကြေးတွေ ကင်းစင်ကုန်ရင် ကောင်းတာပေါ့နော်...။ ဒါပေမဲ့ ရေနဲ့ဆေးလို့ မပျက်တဲ့ စိတ်အညစ်အကြေးတွေကို လူတိုင်းနီးပါး လုပ်နေကြတာ သိကြားမင်းကြီး သိစေချင်ပါတယ်...။ ဒီနှစ် သိကြားမင်းက ဘီလူးစီးလာမှာတဲ့.... သတိထားကြနော်.... လူအညစ်အကြေးတွေ....ဟဲဟဲ...။ သြော်..... ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးလာပြန်ပြီပေါ့နော်.............။ ဒါပေမဲ့ ဘာမှဖြစ်မလာသေးဘူးပေါ့နော်.....။ ခုထိ ကြိုးစားဆဲပေါ့......။ မိတ်ဆွေတို့ကော နှစ်သစ်ရောက်ခါနီးပြီနော်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခံနီးမှာ ပြင်ဆင်စရာ ရှိတာတွေကို ကြိုတင်ပြင်ဆင် သင့်ပြီလို့ ကျွန်မ ယူဆမိပါတယ်။ ဒါဟာ ဘာတွေကို ပြင်ဆင်ရမယ်ဆိုတာ မိတ်ဆွေတို့ သိမယ်လို့ ကျွန်မ ယူဆမိပါတယ်......။ အားလုံး နှစ်သစ်မှာ အချစ်သစ်နဲ့ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းလိုက်မိပါတယ်။ အားလုံးပျော်ရွှင်ချမ်းမြေ့ပြီး နှစ်သစ်မှာ စိတ်ကောင်းထားနိုင်ကြပါစေ......။
posted by yamin @ 3:59 AM
Monday, April 02, 2007
posted by yamin @ 6:03 AM
Sunday, April 01, 2007
posted by yamin @ 5:30 AM