|
Sunday, May 27, 2007 |
|
ဒီနေ့တော့ ဘာညာတို့နဲ့ တွေ့တော့ သူတို့က အကူအညီ တောင်းတယ်လေ။ သူတို့ရဲ့ တပည့်ကို စာနည်းနည်း သင်ပေးပါတဲ့။ အဲဒါမှ ဒုက္ခဘဲ။ သင်ပေးလို့ အဆင်ပြေပါ့မလားမသိ။ ရပါတယ်ပေါ့။ သိတာကို သင်ပေးမယ်လို့ ပြောလိုက်တယ်လေ။ ယမင်းလည်း အခြေခံလောက်တော့ သိပါသေးတယ်ဟိဟိ။ ဒါနဲ့ သူတို့တပည့်ကို စာသင်ပြီး စာနည်းနည်းမေးလိုက်တယ်။ ယမင်းက စာမေးရတာ ၀ါသနာပါတယ်လေ။ ပြီးတော့ ဒီနေ့ အချိန်ပိုအလုပ်ဆင်း ရတယ်။ ဒီနေ့ စာလည်း သွားမသင်ရတော့ သူငယ်ချင်းလိုလည်း ခင်တယ်။ ညီမလေးတွေလိုလည်းခင်ရတဲ့ သူတွေဆီ သွားလည်မယ်လို့ စဉ်းစားမိပြီးရောက်လာတာ။ သူတို့ဆီကလည်း ကိုယ် မသိတဲ့အကြောင်းအရာတွေ သိရတယ်လေ။ ဒါကြောင့် သူတို့ကိုရော ပြီးတော့ ယမင်းကို အမြဲအားပေးကြတဲ့ သူတွေအားလုံးကိုရော၊ နောက်ပြီး ခဏပဲ အလည်လာတဲ့ သူတွေရောဟိဟိ။ လမ်းမှားပြီးရောက်လာတဲ့သူတွေကိုရော ယမင်း ကျေးဇူးအများကြီးတင်မိပါတယ်။ တကယ်ပြောတာပါ။ ပြီးတော့ အားလုံးရဲ့ အကြံပြုချက်တွေကိုလည်း ယမင်းလိုချင်ပါတယ်။ လမ်းပြပေးကြပါနော်။ လမ်းပြပေးပါဆိုလို့ လမ်းမှားနေတယ်လို့ မထင်လိုက်ကြနဲ့နော်။ လမ်းဆုံးကို မရောက်သေးတာပါ။ လမ်းဆုံးထိ ဆက်လျှောက်ချင်ပါတယ်။ ပြီးတော့ သတင်းကောင်းတစ်ခု ပေးချင်ပါတယ်။ ဘာလဲဆိုတော့ စာဖတ်ဝါသနာပါတဲ့သူတွေ အတွက်ပါ။ ယမင်းလည်း စာဖတ်တာ အရမ်း ၀ါသနာပါတယ်လေ။ စာဖတ်ရမယ်ဆိုရင် ထမင်းမစား ဟင်းမစားဘဲလေ။ စာဖတ်တယ်ဆိုတာကလည်း တွေ့ကရာစာတွေကို ဖတ်တာကို ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်အတွက်လည်း အကျိုးရှိမယ်။ ပြီးတော့ ပညာရမယ်။ အသုံးဝင်မယ်ထင်တဲ့စာတွေကို ပြောတာနော်။ ၆ လပိုင်း၊ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ထင်တာပဲ။ ပြီးမယ့်ရက်တော့ မသိသေးဘူး။ ရန်ကုန်မြို့ရဲ့အလယ် ပန်းဆိုးတန်းမှာ ရှိတဲ့ လောကနတ် ပန်းချီပြခန်းမှာ စာအုပ်ဈေးရောင်းပွဲတော်ကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးမှာတဲ့။ ဒါဟာ တကယ့် သတင်းကောင်းဘဲနော်။ |
posted by yamin @ 6:25 AM  |
|
|
|
 |
|
|