|
Sunday, June 10, 2007 |
|
မနေ့က ယမင်း အိမ်ပြန်ရောက်တော့ ကျောင်းနေဖက်သူငယ်ချင်း လာသွားတယ်တဲ့။ ပြီးတော့ ၂၄ ရက်နေ့ကို ဘယ်မှမသွားပါနဲ့တဲ့။ အဲဒါနဲ့ ဘာလုပ်မလို့လဲ၊ ဘာမှာသွားလဲလို့မေးတော့ ဘာမှမပြောသွားဘူးတဲ့။ အချိန်ပိုအလုပ်တွေလည်း ရှိရင် ဖျက်လိုက်ပါတယ်။ ဟာ ဘာမှလည်း မပြောသွားဘဲနဲ့။ ပြီးတော့ ပြောသွားသေးတယ်တဲ့။ လိုက်ဖမ်းရတာ မလွယ်ဘူး။ ‘ဒါကြောင့် ကြိုပြီးလာပြောတာလို့လည်း ပြောသေးတယ်။ အင်း ဟုတ်တော့လည်း ဟုတ်ပါတယ်။ အိမ်မှာ နေချိန်က အရင်ထဲက နည်းတာလေ။ ခုဆို ပိုဆိုးတာပေါ့။ အိမ်ကို ပြန်ရောက်တဲ့အချိန်က အိပ်ချိန်ဘဲ ရှိတော့တယ်။ ‘ဒါတောင် မကောင်းတတ်လို့ ဟိဟိ။ လမ်းထဲက လူတွေကလည်း မေးကြတယ်။ ဘယ်သွားနေတာလဲတဲ့။ ‘အိမ်ကလည်း ပြောပါတယ်။ သူက ဒီလိုသွားနေရမှ နေကောင်းတာတဲ့။ အိမ်မှာဆို နေမကောင်းသလိုလို ခေါင်းမူးနေသလိုလိုနဲ့တဲ့။ ပြီးတော့ နားငြီးသေးတယ်တဲ့။ ဟဲဟဲ အိမ်မှာနေတဲ့နေ့ဆို ပတ်ဝန်းကျင်ကို သောတအာရုံခံစားရအောင် လည်းလုပ်ပေးရသေးတယ်လို့ပြောလိုက်တယ်။ မေမေတို့က ပြောတယ်။ အိမ်မှာ အမြဲနေရင် ကြာရင် တိုက်ဆောက်ရမယ်တဲ့။ ဘာမှလည်း ဟုတ်တိပတ်တိ မရဘဲနဲ့။ သီချင်းတွေကို အော်အော်ဆိုနေလို့တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ယမင်းက စာသားတာ မရတာ သီချင်းကို ယောက်ျားလေးသီချင်းမှ ကြိုက်တာ။ ပြီးတော့ ဆိုလိုက်လဲ ကီးမလိုက်နိုင်တဲ့ သီချင်းတွေကို ဆိုတာဆိုတော့ သူတို့လည်း တော်တော်ကို စိတ်ဆင်းရဲမှာဘဲ။ အဲဒီအချိန်ကြရင် အိမ်နားပတ်ဝန်းကျင်က ဘာပြောလဲဆို လှမ်းမေးတယ်။ ဒီနေ့ဘယ်မှမသွားဘူးလားတဲ့။ တော်တော်ကို အိမ်မှာနေစေချင်တဲ့ပုံဘဲနော်။ ဒါပေမဲ့ ဒီလို အချိန်က တော်တော်ကို ရှားပါတယ်။ တစ်လမှ တစ်ရက်တောင် မရှိဘူးလေ။ ခုဆို မေတို့၊ ဖေတို့က ပြောတယ်။ အဆောင်ငှားပြီး သွားနေတော့တဲ့။ အဲဒီတော့ ကျွန်မက ပြောလိုက်တာပေါ့။ တကယ်လားဆိုတော့ မေမေက သြော် မသွားချင်ရှာဘူး။ ဟုတ်လည်း ဟုတ်ပါတယ်။ ပတ်ဝန်းကျင်က မပြောနဲ့ အိမ်သားတွေနဲ့တောင် မိုးလင်းမိုးချုပ် မတွေ့ရဘူးလေ။ မျက်စိနှစ်လုံးပွင့်လာတာနဲ့ အားလုံးက အိပ်တုန်းလေ ကျွန်မက ထွက်လာပြီ။ ဟော အိမ်ပြန်တော့လည်း အားလုံးက အိပ်နေပြီ။ အဲဒီအချိန်ကျမှ ကျွန်မက ပြန်ရောက်တာဆိုတော့ ဘယ်တွေ့ရမှာလဲ။ ဒီကြားထဲ ကျွန်မက ဆိုးတယ်လေ။ မေတို့က ထမင်းစားမစောင့်ရင် စိတ်က ကောက်သေးတယ်။ အမြဲတမ်း မေတို့၊ ဖေတို့က ထမင်းစား စောင့်တယ်လေ။ မောင်လေးတွေကောပေါ့။ သူတို့က လိမ်မာတယ်။ ကျွန်မပြောစကားဆို နားထောင်ကြတယ်။ ကျွန်မကသာ ဆိုးတာ။ ဒီကြားထဲမှာ အလုပ်က နယ်ကိုသွားခိုင်းရင် နီးရင်တော့ နေ့ချင်းပြန်သွားရသေးတယ်။ ပင်ပန်းတော့ ပင်ပန်းတယ်။ ဒါပေမဲ့ ကျွန်မက ပျော်တယ်။ ကျွန်မရဲ့ ဇာတာကိုက သွားနေရမှ ကျန်းမာတာလား မသိဘူး။ ဒါတောင် ဟိုတစ်လောက နည်းနည်းအအေးပတ်သွားသေးတယ်။ ရန်ကုန်မိုးက အစိုးမရဘူးလေ။ လူတွေက လည်း တဖြည်းဖြည်းနဲ့ ကိုယ်ချင်းစာတရားနည်းလာလို့လား မသိဘူး။ ရာသီဥတုကတောင် ဖောက်ပြန်လာပြီ။ အမှန်တော့ လူတွေက ခဏတာတွေ့ဆုံကြတာလေ။ တွေ့တဲ့အခိုက်မှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုနဲ့ ဆက်ဆံစေချင်တယ်။ အားလုံးက ခရီးသွားတွေဘဲလေ။ ဟုတ်ဘူးလား။ ကားစီးသလိုပေါ့။ ကိုယ်ဆင်းချင်တဲ့နေရာရောက်ရင် ဆင်းရမှာပဲ။ ဒီတော့ ခဏတာအတွင်းမှာ စိတ်ချမ်းသာစွာနဲ့ နေထိုင်ကြမယ်ဆိုရင် ပိုပြီး ဘ၀ဟာ နေပျော်ဖို့ ကောင်းပါတယ်။ ဘယ်သူမဆို လူတိုင်းလူတိုင်းမှာ ‘ဒုက္ခဆိုတာနဲ့ မကင်းကြပါဘူး။ ကိုယ်တစ်ယောက်ထဲ စိတ်ညစ်တာ စိတ်ပျော်တာဆိုတာ မရှိဘူးလေ။ ဒီတော့ စိတ်ညစ်လိုက်တာ လို့ ညည်းနေမဲ့အစား ပျော်ရွှင်မဲ့အကြောင်းအရာကိုပဲ တွေးယူရတော့မှာပေါ့နော်။ |
posted by yamin @ 5:41 AM  |
|
|
|
 |
|
|