|
Saturday, June 09, 2007 |
|
ဒီနေ့မနက် မြို့ထဲမှာ မိုးအရမ်းရွာလိုက်တာ။ သဲသဲမဲမဲ ဘဲ ဘာအငြိုးနဲ့ ရွာလည်း မသိဘူး။ ဒါပေမဲ့ အပြင်ကတော့ သွားနေရတာပဲ။ မိုးကတော့ ရွာမှာပေါ့။ မိုးတွင်းစလာပြီလေ။ သြော်... ရာသီဥတုက သူ့အလိုလို ဖန်တီးထားတာပဲ။ ဆန့်ကျင်လို့မှ မရတာနော်။ ဆန့်ကျင်ချင်ရင် မိုးရွာရင် ထီးဆောင်းပေါ့။ ဒါပဲရှိတာဘဲ။ အဲဒါနဲ့ ပန်းဆိုးတန်းအောက်ဘက်က လောကနတ် ပန်းချီပြခန်းကို ရောက်သွားခဲ့တယ်လေ။ စာအုပ်တွေကို ဈေးနှုန်း ချိုသာစွာနဲ့ ရောင်းနေတာဆိုတော့လည်း သွားကြည့်ရတာပေါ့။ ဟုတ်ဘူးလား။ မျက်စိနဲ့ကြည့်ရတာ ပိုက်ဆံမကုန်ဘူးလေ။ အဲဒါနဲ့ ၀ယ်ချင်စရာတွေကြီးပဲတွေ့တယ်။ အင်း လိုချင်တိုင်းသာ ၀ယ်ရရင် အိမ်မှာ ထားစရာရှိမှာကို မဟုတ်ဘူး။ ပိုက်ဆံလည်း မလိုက်နိုင်ဘူးလေ။ ဒီတော့ ကိုယ် လိုချင်တဲ့စာအုပ် ပြီးတော့ ကိုယ့်အတွက် အသုံးဝင်မဲ့စာအုပ်ကိုဘဲ ၀ယ်ခဲ့ရတယ်။ အချိန်ရရင် စာအုပ်တွေကို ထိုင်ဖတ်ချင်လိုက်တာ။ ကျွန်မက အိမ်မှာ ကိုယ်ပိုင်စာကြည့်တိုက်လေး လုပ်ထားတယ်။ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းနဲ့ အငြိမ်းစားယူပြီး အလုပ်အားတဲ့ သူတွေအတွက်ပေါ့။ သူတို့က လာငှားကြပါတယ်။ အလကားငှားတာလေ။ ကိုယ့်အတွက် ပညာဖြန့်ဝေတာပေါ့။ တချို့ကျတော့လည်း မ၀ယ်နိုင်လို့။ တချို့ကျတော့လည်း မ၀ယ်အားလို့။ ဒါပေမဲ့ လူတွေက မကောင်းဘူး။ သူများစာအုပ်တွေကို ငှားပြီးရင် ပြန်ပေးရမှာပေါ့။ လိုက်တောင်းတော့ ဘယ်ကောင်းမလဲ။ ကျွန်မက အရမ်းအားနာတတ်တော့ အဲဒီမှာ စတွေတာဘဲ။ တချို့ကျတော့ သွားတောင်းတော့ ပျောက်သွားလို့တဲ့။ ဘယ်မှာထားလိုက်မိမှန်း မသိဘူးတဲ့။ လွယ်လွယ်ပြောတတ်ကြတယ်နော်။ ဒါဟာ အလကားရလို့ တန်ဖိုးမထားကြတားလို့ စဉ်းစားမိတယ်။ ကိုယ်ကတော့ စေတနာနဲ့ပါ ကိုယ်လည်း ဖတ်တော့ သူများလည်း ဖတ်ပေါ့ ဆိုပြီး လုပ်ပေးထားတာ။ အိမ်မှာဆို ယမင်းစာအုပ်ကို ဘယ်သူမှ မကိုင်ရဲဘူး။ မေမေကဆို ပြောသေးတယ်။ သူ့စာအုပ်နဲ့ ပတ်သက်လာရင် မိဘလည်း မချန်ဘူးတဲံ့။ သွားမကိုင်နဲ့တဲ့။ မဟုတ်ပါဘူး။ ဖတ်ချင်တယ်ဆို ယူဖတ်ပါ။ ဒါပေမဲ့ စည်းကမ်းတော့ ရှိကြပေါ့။ စည်းကမ်းဆိုတာ လူရဲ့တန်ဖိုးလေ ဒါက ယမင်းခံယူထားတာပါ။ စိတ်ညစ်သွားပြီလား မသိဘူး။ ဘာတွေရေးမှန်းလည်း မသိဘူး။ ထင်မှာပဲနော်။ သူများလို ပညာမဖြန့်ဝေနိုင်တော့ ဒီလိုပေါ့။ |
posted by yamin @ 5:38 AM  |
|
|
|
 |
|
|