ဒီနေ့တော့ ကျွန်မကို အားပေးထားတဲ့ သူတွေကို တွေ့ရလို့ အရမ်းဝမ်းသာပါတယ်။ ဘယ်လိုပြောရမလဲ။ ပြန်ပြောပြဖို့တောင် တော်တော်ခက်တယ်။ ဒီနေ့တော့ ၀မ်းသာစရာ သတင်းကောင်းတစ်ခုကို ပြောရဦးမယ် သိလား။ ၆ လ ပိုင်း ၅ ရက်နေ့က စပြီး ရန်ကုန်မြို့ရဲ့ ပန်းဆိုးတန်း လမ်းမကြီးမှာ လောကနက်ပန်းချီပြခန်းမှာ စာအုပ် ဈေးရောင်းပွဲတော် ရှိတယ် တဲ့။ ရာခိုင်နှုန်းတော်တော်ကို လျှော့ရောင်းမယ်လို့ ခိုင်လုံတဲ့ ရပ်ကွက်က ကြားခဲ့တယ်။ အင်း.... ပြီးတော့ ၁၂ ရက်မှာ ပြီးမှာတဲ့။ ဘာဘဲဖြစ်ဖြစ်လေနော်။ ကျွန်မတို့လို စာအုပ် ၀ါသနာပါတဲ့ သူတွေအတွက်ကတော့ သတင်းကောင်းပါဘဲ။ ဈေးနှုန်းလည်း ချိုသာမယ်။ ၀ယ်ချင်တဲ့စာအုပ်တွေကိုလည်း အလွယ်တကူ ၀ယ်လို့ရမှာလေ။ မြန်မြန်ပြေးဝယ်ကြဦးနော်.....။
|