|
Tuesday, May 29, 2007 |
တစ်နေ့တာအလုပ်များပါရှင့် |
ယမင်းအခုဆို မနက်ပိုင်းကို သင်တန်းတက်နေရပါတယ်။ ၇ နာရီမှ ၉ နာရီဆိုပေမဲ့ သင်တန်းက ဆရာမက အစောကြီးစတယ်လေ။ ၆ နာရီခွဲဆို စသင်ပြီ။ သင်တန်းပြီးတော့ အလုပ်သွားတယ်လေ။ အလုပ်က ၉ နာရီကနေ ညနေ ၄ နာရီဆိုပေမဲ့လည်း ဟဲဟဲ ၉ နာရီကို ဘယ်တော့မှ မရောက်ဖူးလေ ဟီးဟီး။ အမြဲနောက်ကျတယ်။ အဲ အလုပ်ဆင်းချိန်ကျတော့ ၄ နာရီဆိုရင် ပြန်ပြီလေ။ ယမင်းက အလုက်ကို ဒီလောက် ကြိုးစားတာနော်။ သိတယ် မဟုတ်လား။ အဲ ရုံးပြန်ချိန်မှာ ဘယ်သွားရလည်းဆိုတော့ အချိန်ပိုင်းအလုပ်ရှိတဲ့နေရာကို သွားရတယ်လေ။ ဒါနဲ့ အိမ်ကို ပြန်ရောက်တော့ အရမ်းမိုးချုပ်နေပြီလေ။ ဒါနဲ့ အိမ်ရောက်တော့ ရေမိုးချိုးပြီးတော့ ထမင်းစား အိပ်ကလည်း အိပ်ချင်နေပြီလေ။ ဒါပေမဲ့ စာသင်ရမှာဆိုတော့ စာက ပြန်ကြည့်ရဦးမှာလေ။ ဒါနဲ့ အိပ်ငိုက်ရင်းနဲ့ စာကြည့်ရသေးတယ်။ ပြီးတော့ ယမင်းက အင်တာနက်ကနေ အချိန်ပိုင်း အလုပ်တွေလျှောက်ထားသေးတယ်လေ။ အဲဒါတွေကလည်း ခေါ်တော့ မလုပ်နိုင်တော့ဘူး။ ဒီတော့ လုပ်ချင်တဲ့သူတွေနဲ့ ဆက်သွယ်ပေးလိုက်တယ်။ ဒါမှ မြန်မာပြည်မှာ အလုပ်မရတဲ့သူ မရှိတော့မှာလေ။ ယမင်းကတော့ အမြဲအလုပ်လုပ်ချင်တယ်။ အားနေရတာကို မလိုချင်ဘူး။ အချိန်တွေကုန်တာ မြန်လိုက်တာနော်
|
posted by yamin @ 11:12 PM  |
|
|
|
 |
|
|