ဒီနေ့ နည်းနည်းအအေးပတ်သွားလို့ ထင်တယ်။ နေမကောင်းချင်ဘူး ဖြစ်နေတယ်။ အိမ်ပြန် ခွေရင် ဖျားမှာဆိုးလိုလေ။ ပြီးတော့ စာသင်ရဦးမှာဆိုတော့ အင်း ယမင်းလေ စိတ်ညစ်ရင် အမြဲဖတ်တဲ့ ကဗျာလေးရှိတယ်။ အဲဒီ ကဗျာလေးကို ပြောပြမယ်နော်။
ပန်းပန်လျက်ပဲ
ညိုပြာပြာ၊ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်။ လှိုင်းသက်ရာဆင်း ဆင်းရလဲ မသက်သာ အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ ပေါ်ပြန်လဲ မသက်သာ ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တပင်ထဲ အယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ
ဆရာဇော်ဂျီ၊ တက္ကသိုလ် မိုးဝေမဂ္ဂဇင်း၊ ၁၉၆၀ ပြည့်နှစ်
အဲဒီ ကဗျာလေးက စိတ်ကို အားရှိစေတယ်လေနော်။
The Senior Great Poet Zaw Gyi's First Class Verse
Hyacinth Way
At the mudflat's margin of murky blue The hyacinth moves up with the waves and with the waves deseends. De scent is not without travial. A coconut frond comes floating with the tide. Descent and drift. The coconut frond hits the hyacinth girl in the side. Though bit inthe side she finds no rest. In a moment a wave has smoothered her. She goes under and does not rise, Then a wave suges and the hyacinth girl comes up about a yard away Coming up does not bring respite Ducks emerge from a brach of the creek. A hundred ducks and a lone hyacinth Sge is jostled and kicked but holds her lips tight and keeps wearing her flower.
I like poem.
|