|
Monday, May 28, 2007 |
|
ဒီနေ့တော့ သင်တန်းလည်း မတက်ရဘူး။ ပျော်လိုက်တာ။ မနက်က မေမေက အစောကြီး လာနိုးတော့ မရှိဘူးလို့ပြောလိုက်ပြီး ဆက်အိပ်လိုက်တယ်။ ဒါဆိုလည်း မေမေက အလုပ်သွားဖို့ လုပ်လေတဲ့။ မေမေကို ဟာ ဒီမှာ ခုမှ အိပ်ကောင်းတုန်းလို့ပြောပြီး ဆက်မှေးတယ်။ ပြီးမှ ထပြီး ရုံးသွားဖို့ ပြင်ရတယ်။ အင်း တစ်ခါတလေ ဘာမှ မလုပ်ဘဲ လျှောက်သွားရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ အရင်တုန်းကဆို စိတ်ညစ်ရင် လျှောက်သွားတယ်။ ခုတော့ စိတ်ညစ်ရင် လျှောက်မသွားတော့ဘူး။ အွန်လိုင်းပေါ်ဘဲ ရောက်နေတော့တယ်လေ။ ဟာ ပြန်တော့မယ်။ အရမ်းနောက်ကျနေပြီ။ ဖေဖေ လာကြိုနေပြီလား မသိဘူး။ တာတာ့။ |
posted by yamin @ 6:55 AM  |
|
|
|
 |
|
|