|
Sunday, August 05, 2007 |
ဘလောဂ့်လောကကို ဝေဖန်ပိုင်းခြား စမ်းစစ်ခြင်း |
အင်း မနေ့က ဘလောဂ့်အစည်းအဝေးတဲ့။ ဖိတ်တော့ ဖိတ်ပါရဲ့။ သွားဖို့ကြတော့ မ၀ံ့ရဲခဲ့ဘူးလေ။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ကြည့်မိနေတုန်းရှိသေးတာကိုး။ ပြောရရင်တော့ ဘလောဂ့်တစ်ခုမှာ ရေးထားတာကို သွားဖတ်ခဲ့ရတယ်လေ။ ဘာတဲ့ ဘလောဂ့်ရေးတိုင်း ဘလောဂ့်ဂါတစ်ဦး မဟုတ်ပါတဲ့။ အဲဒီတော့ ခုကိုယ့်ဘာသာ ကိုယ် ပြန်မေးကြည့်နေတုန်းလေ ငါဟာ ဘာလဲ။ ဘာကြောင့် ဘလောဂ့်ဆိုတာကြီးကို လုပ်နေတာလဲပေါ့။ သူ ပြောသလို ငါကကော ဘယ်နေရာရောက်နေပြီလဲပေါ့။ သူကတော့ ဘာကို ရည်ရွယ်တာလဲတော့ မသိဘူးပေါ့လေ။ ပြန်စဉ်းစားကြည့်တော့ ပြောစရာတစ်ခုတော့ ရှိတယ်။ သူများ ဘလောဂ့်လို့ လိုက်ပြီး ဘလောဂ့်တဲ့အထဲမှာ ငါ မပါဘူးဆိုတဲ့ အဖြေရရှိခဲ့တယ်။ ယမင်း ဘလောဂ့်ကို စိတ်ဝင်စားခဲ့တာ ၂၀၀၆ ခုနှစ်ထဲက ဆိုပါတော့ အဲဒီအချိန်မှာ လူဦးရေနည်းဦးမယ် ထင်ပါတယ်။ စလုပ်တဲ့အချိန်မှာ သိပ်ပြီး ဒီဘလောဂ့်ဆိုတာကြီးက လူသိမများသေးဘူးလေ။ ဒီကြားထဲမှာပျက်သွားတဲ့ ဘလောဂ့်တွေလည်း ရှိခဲ့ပါတယ်။ အခု ဘလောဂ့်ဆိုရင် အရင်က မေးနဲ့ဝင်ရတာ မဟုတ်ဘူးလေ။ ဂိုဂယ်နဲ့ မချိတ်ထားသေးဘူး။ ရိုးရိုးဘဲဝင်ရတာ နောက်ပိင်းလဲကျရော ၀င်လို့မရတော့ဘူး။ ဟ ဘာလဲဟ ပေါ့။ ဒါဟာ ဘာကြောင့်လဲဆိုပြီး ဘလောဂ့်အသစ်တွေ ထပ်လုပ်ကြည့်တယ်။ ဒီကြားထဲမှာ ဘလောဂ့်ယူကေတို့ ဘာတို့ကိုလည်း စမ်းပြီးလုပ်ကြည့်သေးတယ်။ ကိုယ့်က အင်္ဂလိပ်စာ ညံ့တော့ သိပ်ပြီးအဆင်မပြေပြန်ဘူး။ အဲတာတွေက နည်းနည်းမြင့်သလားလို့ ထင်မိတယ်။ သုံးရတာလည်း သိပ်နားမလည်ခဲ့ဘူး။ ဒီတော့ ဘလောဂ့်စပေါ့ဘဲ အမြဲလုပ်ကြည့် ဖြစ်တယ်။ နောက်ပိုင်းကျတော့ ဒီဘလောဂ့်ကို ပြန်ဝင်လို့ရသွားတယ် ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။ ကိုယ်က ၀ါသနာပါလို့ လုပ်တာလေ။ သူများလုပ်လို့ လိုက်လုပ်ခဲ့တာလည်း မဟုတ်ဘူးဆိုတာ ကိုယ်ကိုယ်တိုင်ဘဲ သိပါတယ်။ ဒီတော့ တွေ့တဲ့သူတိုင်း ဘလောဂ့်လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ အကြံပေးခဲ့တယ်။ ကိုယ်သိတာကိုလည်း ပြောပြခဲ့တယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ဘာလဲဆိုတာ မမေးကြည့်တော့ပါဘူး။ ဘယ်သူတွေ ဘာပဲပြောပြော ကိုယ်ဝါသနာပါရာ ကိုယ်ရဲ့စိတ်ကိုလည်း သိပါတယ်။ ဒီတော့ ကိုယ်လျှောက်နေတဲ့ လမ်းကို ဘယ်လို အခက်အခံရှိရှိ ဆက်လျှောက်သွားမှာပါ။ ငါဘာကောင် သူဘာကောင်ဆိုတဲ့ အတွေးလည်း မတွေးမိပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ရှေ့ကသွားတဲ့သူနဲ့ နောက်က သွားတဲ့သူနဲ့ပဲ ကွာခြားမှုရှိတာလို့ ယူဆမိပါတယ်။ ဒီတော့ ဘလောဂ့်ဂါဖြစ်လား မဖြစ်လားဆိုတဲ့ ခံစားမှုလည်း ရှိဖို့ မလိုအပ်တော့ဘူးလေ။ ကိုယ့်ရဲ့စိတ်ကို ဘယ်နေရာမှာပဲထားထား ဘလောဂ့်လောကမှာလဲ နေတတ်ရင် ကျေနပ်စရာကြီးပါပဲ။ ယမင်းတို့ကတော့ ၀ါသနာနဲ့ စူးစမ်းမှုကို အရင်းတည်ထားတဲ့ ဘလောဂ့်ကြီးကို ဆက်လက်လုပ်ဆောင်နေ မှာပါ။ ကောင်းတာ မကောင်းတာကိုတော့ မိတ်ဆွေတို့ ဝေဖန်ပိုင်းခြားပေးမှ အမှားအမှန်ကို သိမြင်မှာပါလို့ ပြောလိုက်ပါရစေရှင် |
posted by yamin @ 8:23 PM  |
|
|
|
 |
|
|