|
| Sunday, October 14, 2007 |
| ရင်တွင်းပြတိုက် |
နှလုံးသားဆိုတာ ချစ်ဖို့အတွက်ပါလာတာ မဟုတ်ရင် ခံစားတတ်တဲ့ ကိုယ့်ရင်ထဲ မင်း ၀င်လာခဲ့မှာ မဟုတ်ပါ။ အခုတော့... စိတ်ကူးပင်လယ် အတွေးနယ်ထဲ အလည်ဝင်ရောက် သတိရခြင်းများစွာနဲ့ တမ်းတနေတဲ့သူအတွက် လမင်းကို မျှော်ငေး ကြယ်တွေကို ရေတွက် အိပ်ပျက်မိတဲ့ အချိန်တိုင်း အတွေးကမ္ဘာထဲမျောနေခဲ့ အချစ်ကို ကိုးကွယ် မေတ္တာကို တန်ဖိုးထား သစ္စာကို လေးစားတဲ့ လူသားအဖြစ် မင်းရဲ့ရှေ့မှာ ရပ်ချင်ပါရဲ့ ဒါပေမဲ့... မာနကို စိန်စီ အသည်းနှလုံးကို အကျဉ်းချ မေတ္တာကို သိုဝှက် ခံစားတတ်တဲ့ နှလုံးသားမှာ ဒဏ်ရာများနဲ့ လွမ်းရင်း မုသားပြုငြား မေ့မသွား နှောင်တိုးရစ်ငင် သံယောဇဉ်.... |
posted by yamin @ 1:00 PM  |
|
|
|
|
 |
|
|