အောင်ဆန်းဇာနည်
ဟို တောင်ညိုညို ချိုင့်ဝှမ်းထဲမှာ ဗိုလ်ချုပ်ဟာ လဲကျနေတာ ကျွန်မ မြင်လိုက်မိတယ် သူဟာ စကားလည်း မပြောဘူး လှုပ်ရှားမှုလဲ မရှိဘဲ သူ့ရဲ့ မျက်လုံးတွေက ပိတ်နေပြီး မိုးကောင်းကင်ကို မျက်နှာမူနေရှာပါတယ်။ သူဟာ တိုင်းရင်းသားအားလုံးရဲ့ ဂုဏ်သိက္ခာကိုဆောင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုသူပါပဲ။ သူ့ရဲ့ နှလုံးသားက သွေးတွေပန်းထွက်နေဆဲပါကလား။ ကျွန်မဟာ သူ့ကို ဖေးမပေးရင်း သူ့ရဲ့နုပျိုနုနယ်တဲ့ ဘ၀မှာ သေရမှာကို ၀မ်းနည်းကြေကွဲလို့ မဆုံးပါဘူး ပြီးတော့ သူ့ရဲ့နောက်ဆုံးအမှာစကား ပြောနေတာကို နားစွင့်နေမိပါတော့တယ် ------------ ကျွန်တော်ဟာ ငယ်ရွယ်စဉ်မှာ သေဆုံးတော့မယ်လေ ပြည်ထောင်စုနိုင်ငံတော်ရဲ့ သားတစ်ယောက်အနေနဲ့ပေါ့ တိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အသက်ပေးလှူခြင်း ဖြစ်ပါတယ် ကျွန်တော်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည် ၈ ဦးလဲ ရုတ်တရက် ကျရောက်လာတဲ့ ကံကြမ္မာမုန်တိုင်းကြီးမှ တစ်မျိုးသားလုံးကို ကယ်တင်ဖို့ ရှေ့ကို ချီတက်ခဲ့ကြတယ် သင်ဟာ ကျွန်တော်ရဲ့စကားကို နောက်ဆုံးကြားရသူပါ သင်ဟာ ကျွန်တော်ရဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကို တွေ့တဲ့အခါမှာ ကျွန်တော်ရဲ့ အမှာစကားလက်ဆောင် ပေးပေးပါ သူတို့ကို တာဝန်ပေးချင်တာကတော့ ကျွန်တော့်တို့အတွက် မျက်ရည်မကျဘဲ အမိနိုင်ငံတော်အတွက် ကြိုးစားကြပါလို့ ကျွန်တော်တို့ အသက်စွန့်လွှတ်သွားခြင်းအတွက် မငိုဘဲ ပြည်ထောင်စုရဲ့ အောင်မြင်မှုအတွက်သာ လုပ်ဆောင်ကြပါလို့ ယခုအခါမှာ ကျွန်တော်တို့ဟာ သင်တို့ရဲ့ ဘ၀ပျော်ရွှင်မှုတို့အတွက် သွားရပါတော့မယ် ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒ မပြည့်စုံသေးဘဲနဲ့ သင်တို့ကို ခွဲခွာသွားရပါတော့မယ် ရန်သူတွေ ရှုံးနိမ့်သွားစမ်းပါစေ ကျွန်တော်တို့ရဲ့ ၀ိညာဉ်တွေကို နှစ်သိမ့်မှုရစေပြီး ကျွန်တော်တို့ရဲ့ နုနယ်ပျိုမျစ်ခြင်းဘ၀ အဆုံးခံနိုင်မှုကို ဖြည့်စွမ်းပေးကြပါလို့ ဒါဟာ ကျွန်တော်တို့ကို ကိုယ်စားပြုပါတယ်... -------- ပြီးတော့ ... ကျွန်မလေ ဗိုလ်ချုပ်ရဲ့ နောက်ဆုံးအမှာစကား ပြောနေတာကို ပြန်လည်ကြားယောင်နေမိပါတော့တယ်ရှင်... |