|
Wednesday, July 25, 2007 |
ဒီအကြောင်းအရာကို သေသေချာချာ ဖတ်ကြည့်စေချင်ပါတယ်ရှင် |
အကြောင်းအရာကတော့ ဘယ်ကစပြောရမှန်းကို မသိတော့ဘူး။ စိတ်လည်း တော်တော်ရှုပ်သွားတယ်။အင်း စိတ်ထဲလည်း မကောင်းဘူး။ ဒီလို အဖြစ်အပျက်က တစ်ခါမှ မကြုံဖူးဘူးလေ။ အဲဒါက ဘာလဲဆိုတော့ ယမင်းရဲ့ မေးကို အလွဲသုံးစားလုပ်ခြင်းကို ခံခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ တော်တော်လည်း မိုက်ရှိုင်းတယ်။ ဘယ်လိုမှလဲ တွေးလို့မရဘူး။ ခုထဲလည်း စိတ်ထဲ တနုပ်နုပ်နဲ့ ယမင်းရဲ့ မေးထဲမှာ ရှိနေကြတဲ့ သူငယ်ချင်း မောင်နှမများအစ်ကိုများကိုလည်း ကျေးဇူးလည်းတင်ပါတယ်။ ယမင်းရဲ့သိက္ခာကို ဒီလို လုပ်မှ ဒီလူရဲ့ သိက္ခာကို မြှင့်တင်စေမှာလား။ ဒီလူဟာ ဘယ်သူလဲ။ ဘယ်ကလဲ။ ဒီလောက် ယုတ်မာပတ်စက်တဲ့ အလုပ်ကို ဘာလို့ဒီလို လုပ်တာလဲ။ ဒါတွေဟာ စဉ်းစားစရာတွေပဲ။ ဘာလို့လဲဆိုတော့ ယမင်းမှာ ဒီနေ့ထိ မတည့်တဲ့သူ မျက်မုန်းကျိုးနေတဲ့သူ၊ အမြင်ကတ်နေတဲ့ (ယမင်းအမြင်ကို ပြောတာနော်) သူ ဒါတွေ မရှိခဲ့ဖူးဘူး။ အရင်ကလည်း မရှိဘူး။ နောက်လဲ ရှိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ယမင်းကိုယ်ကိုယ် ယုံကြည်နေခဲ့တယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေဟာ ဒီလောက် အောက်တန်းကျမယ်လို့ မထင်ဘူး။ ဒါဆို ဘယ်သူလဲ၊ ဘာကြောင့် ဘာရည်ရွယ်ချက်နဲ့လုပ်လဲ။ နာမည်ပျက်ရုံသက်သက်နဲ့ လုပ်တာလား။ ဘာကို မကျေနပ်လို့လဲ။ တိုက်ရိုက်မရှင်းဘဲနဲ့ လူစိတ် အင်း ပြောရရင် တိရစ္ဆာန်စိတ်တောင် မရှိတဲ့သူက ဘယ်သူလဲ။ ပြီးတော့ ယမင်းလေ့လာမိသလောက် ဒါဟာ တစ်ယောက်ထဲ မဖြစ်နိုင်ဘူး။ အဖွဲ့နဲ့ ဖြစ်နိုင်လိမ့်မယ် ထင်ပါတယ်။ မြန်မာပြည်မှာ ဒီလူ ဆန်ကုန်မြေလေးတွေ ဘယ်နှယောက်တောင် ရှိနေသလဲ။ ဘယ်လိုလူမျိုးက မွေးဖွားခဲ့သလဲ။ သူ့ကိုယ်သူကော လိပ်ပြာလုံရဲ့လား။ တကယ်လို့ မကျေနပ်စရာရှိခဲ့ရင်လည်း ယမင်းကို တိုက်ရိုက်လာရှင်းလို့ရပါတယ်။ ဒီလူတွေဟာ ညီမ အစ်မတွေ မရှိကြဘူးလား။ ဒါဆို မရှိဘူးဘဲ ဒါတော့ အမေတော့ ရှိရမှာပေါ့။ မွေးခဲ့တဲ့ အမေကို ကျွန်မစော်ကားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်တဲ့သူရဲ့အမေဟာ ဘယ်လိုလူမျိုးလဲ။ ဒီလိုလူမျိုးကို မွေးဖွားတာဆိုတော့ ကံကြုံရင်တွေ့ချင်လိုက်တာနော်။ စိတ်လဲ မကောင်းဘူး။ ဒီလိုလုပ်ရက်တဲ့သူကို သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ယူကျုံးမရလဲ ဖြစ်မိတယ်။ ဘာအကျိုးကျေးဇူးရှိလို့ ဒီလို မိုက်ရိုင်းတဲ့ အပြုအမူတွေကို လုပ်ရတာလဲ။ အရင်တုန်းက ဘယ်နှယောက်များ ဒီလို လုပ်ခံခဲ့ရတယ်ဆိုတာ ယမင်း မသိပါဘူး။ ကိုယ့်ပြုသော ကိုယ့်ထံ ပြန်မလာပါစေနဲ့လို့ မေတ္တာပို့မိပါတယ်။ ယမင်းရဲ့ သိက္ခာကို ကျစေပြီး ဒီလူကကော ဘာဖြစ်လာမလဲ။ ဒါပေမဲ့ ဒီလို ဖြစ်လို့ ယမင်းကတော့ ပိုပြီး ကျေးဇူးတင်မိပါတယ် လုပ်တဲ့သူကိုယ်ပါ။ ဘာလို့လဲဆိုတော့ ယမင်းရဲ့ စိတ်ဓာတ်၊ ယမင်းရဲ့အနေအထား အားလုံးကို ယမင်းရဲ့ အပေါင်းအသင်းမိတ်ဆွေတွေက ယုံကြည်ခဲ့ကြတာကို တွေ့ရပါတယ်။ အရမ်းလည်း ၀မ်းသာတယ်။ ယမင်းဒုက္ခရောက်နေတဲ့အချိန်မှာ စိတ်ရင်းနဲ့ ယမင်းနားမှာ ၀ိုင်းဝန်းနေပေးခဲ့ကြတဲ့ gtalk က သူငယ်ချင်းမိတ်ဆွေမောင်နှမများကို အရမ်းကျေးဇူးတင်တယ်။ လူဆိုတာ သူများ ပြောတိုင်းသာ စိတ်လှုပ်ရှားနေရမယ်ဆိုရင်တဲ့ ဒါဟာ သူများ လက်ခုပ်ထဲက ရေတဲ့။ ဆရာတော် ဘုရားက မိန့်ခဲ့ပါတယ်။ ယမင်းက ဒါတွေကို ယမင်းမဟုတ်ကြောင်း ဖြေရှင်းနေတာ မဟုတ်ပါဘူး။ ဖြေရှင်းစရာလည်း မလိုပါဘူး။ ဘာလို့လဲဆိုတော့ အရင်ထဲက ယမင်းရဲ့စိတ်ထဲမှာ ဒီလို မိုက်ရိုင်းယုတ်မာပတ်စက်တဲ့ စိတ်ဓာတ်မရှိဘူးဆိုတာ ယမင်းရဲ့ ပတ်ဝန်းကျင်၊ ယမင်းလေးစားရတဲ့ သူငယ်ချင်းမောင်နှမတွေကြောင့်ပါပဲ။ ဒါပေမဲ့ မဖြစ်သင့်ပါဘူး။ ယမင်းလေ သိသိချင်း ဒီလိုလူကို သတ်ချင်စိတ်ဖြစ်ပေါ်မိပါတယ်။ ပြီးတော့ ဘာကြောင့်လဲ ငါ ဘယ်သူတွေကို စော်ကားခဲ့လို့လဲ စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အဖြေက ရှင်းရှင်းလေးပါပဲ။ ခုချိန်ထိ ကိုယ်ထိလက်ရောက် မပြောနဲ့ စိတ်နဲ့ မပြစ်မှားမိခဲ့ပါဘူး။ ဒါဟာ ယုံကြည်ဖို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိနေခဲ့လို့ပါပဲ။ ယမင်းလေ ၀ဋ်ကြွေးရှိခဲ့ရင် ဒီလောက်နဲ့ ကျေပါစေလို့ ဆုတောင်းနေမိပါတယ်။ ဒါဟာ သူများကြောင့် မဟုတ်ဘူး။ ငါ့ရဲ့ အတိတ်က ပြုခဲ့တဲ့ကံကြောင့်ပဲ။ ငါ့လိုမျိုး ငါရဲ့ မေးကို အလွဲသုံးစားလုပ်ခဲ့ကြတဲ့ သူတွေ ဘယ်တော့မှ မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းမေတ္တာပို့လိုက်ရပါတယ်ရှင်။ |
posted by yamin @ 4:58 AM  |
|
|
|
 |
|
|