ကောင်းကင်က လမင်းကြီး ဖြစ်ချင်တယ်
အများနဲ့ ရောနှောပြီးနေရင် ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်ဖို့ သိပ်မလွယ်ဘူး။ အများအားဖြင့် သူများစိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်နေရတာ များတယ် အားနာမှုတွေ၊ ငဲ့ညှာထောက်ထားရမှုတွေနဲ့ ဘ၀ဟာ လွတ်လပ်မှုမရှိတော့ဘူး သူများ ဆန္ဒကိုဖြည့်ဖြည့်ပေးနေရတာနဲ့ ကိုယ့်ရဲ့တကယ့် ကိုယ်ပိုင်ဆန္ဒတွေဟာ တဖြည်းဖြည်းနဲ့ နောက်ကို ရောက် ရောက်သွားရတယ်နော်
လမင်းကြီးရဲ့ဘ၀ကို သိပ်အားကျတယ် လမင်းကြိးဟာ လောကလူသားတွေကို အအေးဓာတ်နဲ့ အလင်းဓာတ်ပေးပြီး ကျေးဇူးပြုတယ်လေ ဒါပေမဲ့ လောကလူသားတွေနဲ့ လိမ်းကျံကပ်ငြိခြင်း မရှိဘူး ဝေးဝေးမှာဘဲ သီးသန့်နေတယ် မေတ္တာ အအေးဓာတ်နဲ့ အသိÓဏ် အလင်းဓာတ်ပေးပြီး ဝေးဝေးကနေ ကျေးဇူးပြုနေရတဲ့ လူသားလမင်းဘ၀မျိုးကို ပိုပြီး လိုလားတောင့်တမိပါတယ်။
(ဒါဟာ အရှင်ဆန္ဒာဓိက ကပြောတဲ့အချက်တွေကို သဘောကျလို့ပါ။ ဖတ်ကြည့်ပါလား။ ဇွန်လ ၂၀၀၇ ထုတ် တစ်ယောက်တည်းနေ တစ်စိတ်ထဲထားတဲ့ စာအုပ်နာမည်က ဖတ်ပြီးရင် အရမ်းအေးချမ်းတယ်။) |
mamagyi
I also wanna be like you.