ကြေကွဲနေသော ပဲ့ကိုင်ရှင် ငါ့စိတ်တွေကို ပင်လယ်ပြင်မှာ ရွက်လွှင့်လိုက်ရင် ဘယ်ကမ်းကပ်မယ် မင်းတို့ထင်လဲ ဝေဟင်မှာ တိမ်တိုက်တစ်ခုလို လွင့်မျောလိုက်ရင် ဘယ်ကိုရောက်မယ် မင်းတို့ထင်လဲ ဒါပေမဲ့... ငါ့ဦးနှောက်ကို ငါသာ ပိုင်၍ ငါ့နှလုံးသားကို ငါနိုင်ရမည် မင်းတို့ကို ချစ်ငြား အောင့်ကာထား၍ ငါ့ပန်းတိုင်သို့ ရောက်အောင်သွားမည် ခွင့်လွှတ်ပါတော့ ကလေးတို့ရယ်.... |