|
Sunday, August 26, 2007 |
မိဘကျေးဇူး အကျေဆပ်နည်း |
မိဘကျေးဇူး အကျေဆပ်နည်း
စိတ်ထားမတတ်သေးတဲ့ မိဘ စိတ်ထားတတ်အောင် စိတ်ထားတတ်ပြီးသား မိဘ ပိုပြီး ပိုပြီး စိတ်ထားတတ်အောင် လမ်းညွှန်ဖေးမပေးရင် မိဘကျေးဇူးကျေပါတယ်။
ကုသိုလ်မလုပ်သေးတဲ့ မိဘ ကုသိုလ်လုပ်အောင် ကုသိုလ်လုပ်နေတဲ့ မိဘ ကုသိုလ် ပိုပြီး ပိုပြီး တိုးလုပ်နိုင်အောင် ကူညီပံ့ပိုးပေးရင် မိဘကျေးဇူးကျေပါတယ်။
တရားမရှိသေးတဲ့မိဘ တရားရှိအောင် တရားရှိပြီးသား မိဘ ပိုပြီး ပိုပြီး တရားရှိအောင် စွမ်းဆောင်ဖြည့်ဆည်းပေးရင် မိဘကျေးဇူးကျေပါတယ်။
ပိုပြီး ပြည့်ပြည့်စုံစုံသိချင်ရင် အရှင်ဆန္ဒာဓိကရဲ့ နို့နှစ်လုံးဖိုးကျေပါတယ် (၂၀၀၄ ခုနှစ်) ထုတ် စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။
ပြီးတော့ သတင်းကောင်းပါးပါရစေ။ တရားခွေနားထောင်ချင်တဲ့ မိတ်ဆွေတွေအတွက်ပေါ့။ အခု ယမင်းအိမ်မှာ နားထောင်နေတဲ့တရားခွေတွေရှိပါတယ်။ ခုတစ်လော နားထောင်ဖြစ်တဲ့ တရားခွေ တွေကတော့ အရှင်ဒေါက်တာ ကောဝိဒ ဟောတဲ့ အမွေခံထိုက်သူ ဖြစ်ပါစေ နှင့် အမေအိုရဲ့ ဓမ္မအောင်လံ ဆိုတဲ့ တရားခွေဖြစ်ပါတယ်။ အမေအိုဟာ သားသမီး ၁၄ ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။ သူဟာ သားသမီးတွေက မကျွေးနိုင်လို့ ဓမ္မရိပ်ကို ရောက်သွားပြီး ရဟန်းန္တာမ ဖြစ်သွားတဲ့အကြောင်းကို ဟောပါတယ်။ တော်တော်ကို တရားရဖို့ ကောင်းပါတယ်။ မိတ်ဆွေတို့လည်း အားရင် နားထောင်ကြည့်စေချင်ပါတယ်။ |
posted by yamin @ 1:25 AM  |
|
|
|
 |
|
|