Launching MyMyanmar (MyMyanmar Unicode System Second Generation) 22 August 2007
အခမ်းအနားအစီအစဉ် ၁။ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဒေါ်ဝါ၀ါထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း။ ၂။ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွဋ် မှ "အနာဂတ်တွင် တွင်ကျယ်လာမည့် မြန်မာယူနီကုတ်စနစ်အသုံးပြုမှုများပြောကြားခြင်း။ ၃။ Unicode Consortium မှ မိုက်ကယ်အီဗာဆင်မှ ပေးပို့သော နှုတ်ခွန်းဆက်ဗီဒီယိုပြသခြင်း။ ၄။ MyMyanmar Unicode System (Second Generation) မောင်ထူးမြင့်နောင် မှ ရှင်းလင်းပြောကြားသွားခြင်း။ ၅။ MyWindows မောင်ထိန်လင်းထူးမှ ရှင်းလင်းပြသသွားခြင်း။ ၆။ ပြီးတော့ အမေးအဖြေများ ပြုလုပ်သွားခဲ့ပါတယ်။
ဒီပွဲကို စီစဉ်သူကတော့ ကွန်ပျူတာဂျာနယ်မှ ဆရာ ဦးမြင့်သူဖြစ်ပါတယ်။ နောင်အနာဂတ်မှာ ထွက်ရှိလာမဲ့ မြန်မာယူနီကုတ်စနစ်အကြောင်းကို နားထောင်လိုက်ရတဲ့အတွက် အများကြီး ပညာဗဟုသုတရသွားခဲ့ပါတယ်။ အခုလို နည်းပညာတိုးတက်ဖွံ့ဖြိုးလာတဲ့အချိန်မှာ တီထွင်ကြံဆမှုများ အရှိန်အဟုန်ပြင်းစွာ ဆက်လက်လုပ်ဆောင်လာတာကို တွေ့ရှိခဲ့ရပါတယ်။ ခုဆိုရင် မြန်မာစာကို ကွန်ပျူတာများပေါ်တွင် လွယ်လင့်တကူ လူတန်းစားမရွေး အသုံးပြုလာနိုင်တော့မှာ ဖြစ်တဲ့ အတွက် ၀မ်းသာမိပါတယ်။ ယမင်းတို့လို အင်္ဂလိပ်စာ အားနည်းတဲ့သူများအတွက် ပိုပြီး အသုံးပြုလွယ်ကူလာပြီး ပညာရည်လည်း တိုးတက်လာမယ်လို့ ယူဆမိပါတယ်။ နောင်နှစ်ပေါင်းများစွာမှာ လူတိုင်းလူတိုင်း နေရာတိုင်းမှာ ကွန်ပျူတာနဲ့ လုပ်ငန်းပိုမိုလျင်မြန်စွာ လုပ်ဆောင်လာနိုင်မယ်လို့ ထင်မိပါတယ်။ ယခု ဟောပြောသွားတဲ့အကြောင်းအရာကတော့ မြန်မာယူနီကုတ်အကြောင်းကို အသေးစိတ်ပြောပြသွားခြင်း ဖြစ်ပါတယ်။ မြန်မာယူနီကုတ်ရဲ့အမည်ကိုလည်း မိုင်မြန်မာလို့ ပေးထားတာကိုလည်း ထပ်မံသိခဲ့ရပြန်ပါတယ်။ နောင် အင်တာနက်တို့ ဘလောဂ့်တို့ပေါ်မှာ မြန်မာစာကို တိုက်ရိုက်ရေးသားလို့ ရပြီလို့လည်း သိခဲ့ရပါတယ်။ ဒီလို နည်းပညာရှင်တွေ မြန်မာနိုင်ငံမှာ တော်တော်ကို တိုးတက်များပြားလာဖို့ ယမင်း ဆုတောင်းနေမိပါတယ်။ ဒါပေမဲ့ Window ပေါ်မှ မဟုတ်ပါဘူး။ software တွေအားလုံးအပေါ်မှာ အသုံးပြုလာနိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့ ယူဆမိပါတယ်။ တော်တော်ကို ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားပြသသွားတဲ့အတွက် ယမင်းတို့လို့ ဘာမှမသိတဲ့သူတောင် ပညာရလိုက်ပါတယ်။ ဒီလို ပွဲတွေ ဆက်တိုက်လုပ်ပေးနိုင်မယ်ဆိုရင် ပိုပြီး ၀မ်းသာမိမှာပါ။ ယခု မိုင်မြန်မာယူနီကုတ်စနစ်ကို တီထွင်ခဲ့သူကတော့ မောင်ထူးမြင့်နောင် ဖြစ်ပါတယ်။ ဘာပဲ ပြောပြော မြန်မာပြည်မှာ နည်းပညာရှင်များ ဆက်လက် တိုးတက်များပြားလာပါစေလို့ ယမင်းဆုတောင်းနေမိပါတော့တယ်ရှင်။
|