On 8/17/07, yamin aye wrote: သြော် ဘ၀ ဘ၀ အခြေတည်မယ်လို့ ယုံကြည်နေတုန်းမှာ ကားခတွေ ဈေးတက်ပြန်ပြီတဲ့.. အင်း... နောက်ဆို ဘာတွေထပ်တက်ဦးမလဲ မသိဘူး ငါတော့ လမ်းဖြစ်အောင် သွားဖို့ကျင့်နေတုန်းမှာ ဘ၀က ကံကြမ္မာကိုဘဲ ပုံချလိုက်ရမလား ကားခဈေးတက်လို့ လမ်းလျှောက်ရမလားလို့ စိတ်ကူးနေတုန်းမှာ ငါ့ရဲ့ မ၀တဲ့ ကိုယ်ခနာက ဒီထက်ပိုပြီး ၀ လာစရာ အကြောင်းမရှိတော့ဘူး။ ကြာလာရင် မယ်တော်ကိုယ်လုံးထက် အရိုးခြောက်ကသာ အမေခေါ်ရတော့မယ့် ငါ့ဘ၀ ပြောပြရင် မျက်ရည်ဘူးသီးလုံးလောက်ကျမိလိမ့်မယ် ဘူးသီးကော ဈေးတက်ဦးမလား မသိဘူး ဒါဆို ကျလာတဲ့မျက်ရည်ကို ဈေးကွက်တင်လို့ရပြီ ဒီထက် ပိုပြီး ပိန်ရရင်လည်း ၀ါးခြမ်းပြား စောင်ပတ်ထားသလို ဖြစ်နေပြီ သြော် ဒါဟာ ဘ၀လား အင်း ကားခက လခထက် ပိုများနေတော့လဲ ဘ၀မှာ လမ်းဆက်လျှောက်ရဦးမှာပေါ့.... |
ok. very good. atu tu go kya tar pop