သုဝဏ္ဏဘူမိ သထုံပြည်၏ မြန်မာ့သမိုင်းဝင် ရွှေစာရံစေတီတော်ဘုရားသို့ အလည်တစ်ခေါက်
ယမင်းတို့သူငယ်ချင်းတစ်စု တတိယနှစ် စာမေးပွဲအပြီးတွင် သာမညသို့ ဘုရားဖူးထွက်ခဲ့ကြ ပါတယ်။ လမ်းခရီးတစ်လျှောက် ဒေသန္တရဗဟုသုတများစွာ လေ့လာရင်းနဲ့ သထုံမြို့သို့ ရောက်ရှိခဲ့ကြပါတယ်။ ဘုရားဖူးယာဉ်နဲ့ သွားခဲ့ကြတယ်ဆိုပေမဲ့ ကိုယ့်အုပ်စုနဲ့ ကိုယ်ဖြစ်နေခဲ့ ပါတယ်။ အရင်ဆုံး သထုံမြို့၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ရွှေစာရံဘုရားကို ၀င်ရောက် ဖူးမြော်ခဲ့ကြပါတယ်။ စေတီတော်ကြီး၏ မူလအစအမည်တော်ရင်းမှ စိရံဌာတုစေတီဖြစ်ပါတယ်။ ပါဠိအခေါ်လို့ လည်း သိခဲ့ရပါတယ်။ မြန်မာဘာသာအနက်မှာ စိရံကာလ ကြာမြင့်စွာ၊ အဓွန့်ရှည်စွာ၊ ရာဇ၀င် သမိုင်းတွင်ကာ၊ ဌာတု မပြိုမကွဲ မမြဲရှည်စွာ တည်ပါစေသတည်းဟု ပါရှိခဲ့ပါတယ်။ နောင်တွင် ကာလရွေ့လျား၍ ]ဌာတုကိုဖျောက်လျှင်} ]စိရံစေတီ} တစ်ဖန် လူတို့က သဒ္ဒါအမွှန်းတင်ကာ ]ရွှေ} နှင့်တွဲလျက် ]ရွှေစိရံစေတီ} မှ ]ရွှေစာရံစေတီ} ဖြစ်ပေါ်လာတာပါတဲ့။ စေတီတော်ကြီး၏ အမြင့်မှာ စိန်ဖူးတော်အထိ ၂၅၁ ပေ ၄ လက်မ ဖြစ်ပါတယ်။ စေတီတော် ပရိဝုဏ်အတွင်း လှည့်ပတ်ဖူးမြော်ခဲ့ရာ အာရုံခံတန်ဆောင်းအတွင်းတွင် မနူဟာမင်း၏ နန်းဦးဘုရားကိုလည်း ကြည်ညိုစွာ ဖူးမြော်ခွင့်ကြုံကြိုက်ခဲ့ရတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်ရ ပါတယ်။ ပြီးတော့ ထုံးစံအတိုင်း ရောက်တဲ့နေရာတိုင်းမှာ ဓာတ်ပုံရိုက်ဝါသနာပါတယ်လေ။ အဲဒါဘုရားတွေ အများကြီးနဲ့ ဓာတ်ပုံလျှောက်ရိုက်နေကြတာ ဘုရားဖူးကားကြီး ပြန်ထွက်သွား တာတောင် မသိလိုက်ဘူးလေ။ တစ်ဖွဲ့လုံးကျန်ခဲ့ကြရော။ ကားရှိရာ ပြန်ရောက်တော့ ကားကြီးက မရှိတော့ဘူး။ အဲဒီမှာတင် ဘယ်သွားလို့ ဘယ်လာရမှန်းမသိ ဖြစ်နေတုန်း ကားကြီးက ပြန်ရောက်လာပါတယ်။ ယမင်းတို့က ကားပေါ်မှာဆို နောက်ဆုံးနေရာမှာ ထိုင်ကြတာဆိုတော့ မသိလိုက်ကြဘူးတဲ့။ ရှေ့က အန်တီကြီးက အသေးလေးတို့အုပ်စု အသံတိတ်လှချည့်လား ဆိုပြီး လှည့်ကြည့်တော့မှ မပါလာဘူးဆိုတာ သိရတာတဲ့။ ကောင်းရော။ တော်သေးတာပေါ့။ ပြန်လာခေါ်လို့ နို့မို့ဆို ရွာလည်နေ... အဲ မှားလို့ မြို့လည်နေတော့မှာလေ။ ဒါနဲ့ ကားပေါ်ရောက်တော့ ကားပေါ်ပါတဲ့ ခရီးသည်တချို့က အချိန်လင့်တယ်ဆိုပြီး ပွစိပွစိနဲ့ ပြောကြရော။ အဲဒါကို သူငယ်ချင်းတွေက ဘယ်သူပြောတာလဲ၊ ဘာပြောတာလဲ ပြောပြီး ကားပေါ်မှာ ဓာတ်ပုံထပ်ရိုက်ကြပြန်ရော။ အဲဒီလောက် ဓာတ်ပုံရိုက်သိပ်ပြီး ၀ါသနာမပါကြ ဘူးလေ။ ဒါနဲ့ဘဲ အလွန်ကြုံကြိုက်ခဲသည့် ရှိခိုးဦးခိုက်၊ သထုံမြို့၏ မြန်မာ့သမိုင်းဝင် တန်ခိုးကြီး ဘုရားကို ဖူးမြော်ပြီး ကုသိုလ်မျှဝေ လိုက်ရပါတော့တယ်ရှင်။ |