|
Friday, August 31, 2007 |
|
နှုတ်ဆက်လမ်းခွဲချိန်
ငါ့ကို လွမ်းဖို့ မလိုဘူး။ တိုက်ဆိုင်မှုရှိရင် သတိရရင် တော်ပြီ။ သတိရရင် ကိုယ်လုပ်နေတဲ့ အလုပ်ကို အာရုံစိုက်လုပ်ပါ။ ငါ မေ့ထားတဲ့ နေ့ကို ရောက်လာခဲ့ပြီနော်။ တစ်ဘ၀စာ ခွဲခွာခြင်း မဟုတ် တစ်ခဏတာ ခွဲခွာခြင်းပါ။ ငါ မှာချင်တာက ငါဟာ ငယ်စဉ်တုန်းက အားပေးတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့၇တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့အချိန်ကျတော့ ပတ်ဝန်းကျင်မှာ ငါ့ကို လိုလားတဲ့သူ မလိုလားတဲ့သူ၊ကောင်းတဲ့သူ မကောင်းတဲ့သူတွေ အများကြီးနဲ့ တွေ့ကြုံဖြတ်သန်းခဲ့ရတယ်။ ငါ့ဝန်းကျင်မှာ ငါ အောင်မြင်ဖို့ မျှော်လင့်ချက်တွေ ရှိပါသေးရဲ့လားလို့ တွေးတော နောက်တွန့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။ သို့ပေမဲ့ ငါ မတွန့်ခဲ့ဘူး။ ငါ့အတွက် မျှော်လင့်ချက်တွေ၊ အလားအလာတွေ အများကြီး ရှိပါသေးတယ်။ အရေးကြီးတာက ငါ့စိတ်ဓာတ်ပဲ။ မင်းတို့လည်း ဒီလိုပဲ ဖြစ်စေချင်ခဲ့တာ ငါ့ရင်ထဲကဆန္ဒပါ။ ငါ နင်တို့ကို စိတ်ရင်းနဲ့ ဖေးမခဲ့တာပါ။ သူတစ်ပါးပြောတဲ့ အဖျက်စကားတွေကို ငါ မှတ်သားနေစရာ မလိုဘူး။ ငါ့အဆင့် ဒီလောက်ပဲ ရှိမှာပါလို့ လည်း စိတ်အားငယ်ပြီး သူလိုငါလို အဆင့်အတန်းမှာ ငြိမ်သက်နေစရာ မလိုဘူးလို့ ငါ့စိတ်ကို ငါ အားပေးနေခဲ့တာပါ။ ငါ့ခြေထောက်ပေါ် စရပ်ခဲ့ကတည်းကပေါ့။ ငါ့ပတ်ဝန်းကျင်မှာ မြေတောင်မြောက်ပေးမယ့်သူ၊ လက်တွဲခေါ်မယ့်သူ မရှိရင်လည်း အရေးမကြီးဘူး။ အရေးကြီးတာက ငါ့ကိုယ်ငါ အားကိုးနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ ငါ ကြိုးစားခဲ့တယ်။ ဒီလိုဘဲ ငါ သံယောဇဉ်ရှိတဲ့သူတွေ ကိုလည်း အမြင့်မှာပဲ တွေ့ချင်ခဲ့တာ ငါ့ရဲ့အမှားလား။ ငါ့ကို ငုံ့မကြည့်ခဲ့ရင်လည်း ငါ ကျေနပ်တယ်။ ကျော်လွှားသွားလည်း တိုးတယ်မယ်ဆိုရင် ငါဟာ အားလုံးကို တံတားအဖြစ် ကူညီနေဦးမှာပါ။ ကိုယ့်အားကိုယ်ကိုစိတ်၊ မိမိကိုယ်ကို ယုံကြည်စိတ်များ ထူထောင်ပေးနိုင်ရမယ်။ ဒီလို စိတ်ဓာတ် ငါ ထားနိုင်ရင် မင်းတို့ကော မထားနိုင်ဘူးလား။ ဒါမှ ငါ့ဘ၀ကော မင်းတို့ဘ၀ကော တစ်နေ့တော့ အောင်မြင်တိုးတယ်လာမယ်လို့ ငါ ထင်တယ်။ အင်း ထင်တာ မဟုတ်ဘူး။ ဖြစ်ကို ဖြစ်လာရမယ်။ ငါတို့ ကြိုးစားကြတာပေါ့။ ရောက်နေတဲ့ နေရာကနေ ရှေ့ဆက်သွားပါ။ တစ်ချိန်ချိန်မှာ ငါ့ကို မေ့ခဲ့လည်း ငါ ကျေနပ်တယ်။ ငါ မျက်ရည်ကျတာဟာလည်း ၀မ်းနည်းလို့ မဟုတ်ဘူး။ အောင်မြင်မှုကို ကြိုတင်နိမိတ်ဖတ်တဲ့အနေနဲ့ ၀မ်းသာလို့ ကျတဲ့မျက်ရည်လို့ မှတ်ထားပါ။ ငါမှာသလို ဖြစ်အောင် လုပ်ကြပါ။ ဒါဟာ ငါ့ကို သတိရတာနဲ့ အတူတူပါပဲ။ ငါ ခွဲခွာခဲ့ပေမဲ့ ငါ့ရဲ့ အရိပ်ဟာ မင်းတို့ အနားမှာ အမြဲရှိနေတယ်ဆိုတာ ယုံလိုက်စမ်းပါ။ ငါလည်း ရှေ့ဆက်ကြိုးစားရဦးမယ်။ |
posted by yamin @ 4:10 AM  |
|
|
|
 |
|
|