Photoshop Tutorial
ဒီ Tutorial မှာ သင်ရဲ့ text သို့မဟုတ် လိုချင်အရာတစ်ခုကို ရောင်ပြေးပုံလုပ်နည်း ဖြစ်ပါတယ်။
အရင်ဆုံး ဖိုင်အသစ်တစ်ခုကို လိုချင်တဲ့ပုံစံ ရွေးချယ်လိုက်ပါ။ Resolution ကတော့ စက်ထဲမှာဘဲ သိမ်းမယ်ဆိုရင် 72 လောက် ထားလို့ရပါတယ်။ color Mode ကတော့ RGB ကို ရွေးချယ်ရပါမယ်။ တကယ်လို့ printout ထုတ်မယ်ဆိုရင်တော့ 300 လောက်ထားပေါ့။ color Mode ကတော့ CMYK ထားရမယ်။
အဲဒီမှာ အောက်ခံ ကာလာကို အမည်းရောင် ထည့်ပေးပါ။

ပြီးတော့ ကိုယ်ရိုက်ချင်တဲ့ စာသားအတွက် Text layer ကို ရွေးချယ်ပေးရပါမယ်။ ရွေးချယ်ရမယ့် Type ကတော့ Type Mask Tool ဘဲ ဖြစ်ပါတယ်။ Type စာသား အရောင်က အဖြူရောင်ထားပေးပါ။ အောက်မှာ ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။
ပြီးရင် Filter ထဲက Blur ကို Click ပြီး Radial Blur ကို ရွေးချယ်လိုက်ပါ။ Amount - 100 Blur Method - zoom Quality - Best ရွေးပြီး ok နှိပ်ပါ။

သုံးခါလောက် ထပ်ခါ ထပ်ခါ ပြုလုပ်ပေးလိုက်တဲ့အခါ ကိုယ်လိုချင်သော စာသားကို ပုံစံတစ်မျိုးနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ယမင်းလည်း ဖတ်မိသမျှကို တင်ပြလိုက်ရတာပါနော်။
|