အနီးအဝေး
လောကမှ မတူမျှတာတွေ မျှခြေညှိနေလို့ကော အားလုံးဟာ တူမျှလာမယ်လို့ ထင်နေသလား။ လူတိုင်းကိုသာ ကိုယ့်စိတ်နဲ့နှိုင်းနေရင် တစ်သမတ်တည်း ဖြစ်ပေါ်လာရင်တော့ ဖြစ်ပေါ်လာမဲ့ ၀န်းကျင်မှာ အောင်မြင်မယ်လို့ ယူဆမိပါတယ်။ ဒါပေမဲ့... ဒါတွေဟာ ဖြစ်ပေါ်လာဖို့ တော်တော်ခဲယဉ်းပါတယ်။ မိသားစုတစ်ခုမှာတောင် တစ်ဝမ်းတည်းဆိုပေမဲ့ စိတ်ချင်းမတူတဲ့သူတွေရယ်လို့ ဖြစ်လာကြသေးတာပဲ။ ဒီတော့ မဖြစ်လာနိုင်တဲ့အရာတစ်ခုကို ကြိုးစားနေမယ့်အစား ကိုယ့်စိတ်ကိုယ် ကိုယ့်ဝန်းကျင်မှာ အလိုက်သင့်ကလေးနေတတ်အောင် ကြိုးစာရမှာတော့ သေချာပါတယ်။ အများအားဖြင့် လောကမှာ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ကြိုးစားတည်ဆောက်နိုင်ရင် အောင်မြင်မှုဟာ ကိုယ့်ရဲ့အနားမှာ အနီးလေးရှိနေမှာပါ။
|