|
Saturday, June 30, 2007 |
|

 |
posted by yamin @ 11:56 PM  |
|
|
|
|
ကံကြမ္မာရဲ့စေစားရာ
အင်း... ထပ်မံပြီး တောင်းခဲ့ရင်တောင်မှ ငါ့မှာ ဘာမှထပ်ပြီး ဆုံးရှုံးစရာ မရှိတော့ပါဘူး ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်တုန်းကပေါ့... သေခြင်းတရားရဲ့ အနာဂတ်ထဲမှာ ငါဟာ လူတွေကို စူးစိုက်ကြည့်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ ဘာမှလည်း မမြင်နိုင်တော့ပါဘူး ဟီရိုရှီးမား ဗုံးပေါက်ကွဲခဲ့စဉ်က ကြားပဲ ကြားဖူးခဲ့တာပါ မြင်မှ မမြင်ခဲ့ရဘဲ ခုတော့ လက်တွေ့ကြုံခဲ့ရပြီလေ... ပြီးတော့ တစ်ချိန်တုန်းကပေါ့ကွယ် ညီမလေးတစ်ယောက်နဲ့အတူ ပုဇွန်တောင်မြို့နယ်ဆိုတဲ့ ကုန်စည်ပြပွဲတစ်ခုမှာပေါ့... ငါဟာ မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ် ဘယ်သူမှ မထင်မှတ်ထားတဲ့အရာကြောင့် လူတွေဟာ ထိန်းမနိုင် သိမ်းမနိုင် ကစဉ်ကလျားနဲ့ သေဆုံးခဲ့ရရှာတဲ့အထိပါပဲ အခုတော့ ဒီကုန်စည်ပြခန်းကြီးဟာ သူ မဟုတ်တော့သလို အဖြူရောင်အဆောက်အအုံနဲ့ ပြတင်းပေါက်တွေမှာတော့ တိတ်ဆိတ်ငြိမ်သက် လုံခြုံစွာနဲ့ တည်ရှိနေဆဲပေါ့... ငါ့ရဲ့ ကံကြမာဟာ ငါ့ဦးခေါင်းပေါ်ကနေ လွှဲဖယ်ပေးလိုက်တာ ငါ့ဘ၀ရဲ့ ကံကောင်းခြင်းလက်ဆောင်တစ်ခုအဖြစ် တန်ဖိုးထားရင်း ငါ ရှေ့ဆက် အသက်ရှင်နေပါ့မယ်...
ကဗျာ မဟုတ်ဘူးနော်။ ယမင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုရဲ့ စကားစုသာ ဖြစ်ပါတယ်။ |
posted by yamin @ 10:19 PM  |
|
|
Thursday, June 28, 2007 |
|

အရမ်းကို ရေးကြီးနေပါတယ်ရှင်ကြည့်သွားကြနော် |
posted by yamin @ 6:44 AM  |
|
|
|
|


မိုးတွေရွာရင်.... တဲ့ ခေါင်းစဉ်လေးကို ဆက်ပြီး ကဗျာစပ်လိုက်မိပါတယ်။ တိတ်တိတ်ရင်ထဲ လွမ်းနေဆဲမို့ မသည်းပါနဲ့ တောင်းပန်ပါတယ် ရွှေမိုးညိုရယ်...
အင်း ဒီနေ့တော့ ဘာရေးရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း သိုးမလေးရဲ့ ဖိတ်ခေါ်မှုကို တွေ့ရှိခဲ့ရပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ အေါ ဆိုလား ဘာလား မသိဘူး။ အဲဒီ ဘာမှန်း မသိတဲ့အကြောင်းအရာကို ကြည့်လိုက်တော့ ဟာ ရေကြီးတဲ့အကြောင်း... အဲလေ ဟုတ်ပါဘူး။ မိုးရွာတဲ့အကြောင်း ရေးထားတာပါလား။ ဖိတ်ခေါ်တော့ သွားမလည်ရင် မကောင်းဘူးလေ။ ဒီတော့ သွားလည်ရတော့မှာပေါ့။ အဲ သွားလည်ဖို့ အိမ်လိပ်စာကို သိမှဆိုပြီး အကြောင်းအရာကို ဖတ်ရတယ်။ အဲ တော်တော် ကောင်းတာဘဲ။ သိုးမလေးကို မေးကြည့်တော့ သူလည်း မသိဘူးတဲ့။ သူကို ကိုပုဂံသားက ဖိတ်လို့ဆိုဘဲ။ ဒါလည်း ကောင်းတာဘဲ။ ဘာမှမသိတာလေ။ အင်း ယမင်းလည်း ‘သူတို့လို ရေးနိုင်ပါ့မလား မသိဘူး။ ဘလော့ဂ်တွေမှာ မိုးတွေရွာနေကြပြီ။ ယမင်းလည်း ဇူလိုင်လမှာ မွေးပြီး မိုးရာသီကို မေ့ထားလို့ ဖြစ်ပါ့မလား။ ဘယ်မေ့လို့ ဖြစ်မလဲနော်။ ကိုယ့်ရဲ့ မွေးလတောင် မေ့ပြီဆိုတော့ ဘယ်ကောင်းမလဲနော်။ သဘာဝတရားကြီးက အံ့သြဖို့ ကောင်းတယ်နော်။ နွေ၊ မိုး၊ ဆောင်း ဆိုပြီ လုပ်ပေးထားတာကို တွေးကြည့်မိသွားတယ်။ အဲဒီထဲမှာ ယမင်းရဲ့ မွေးလက မိုးရာသီ လာဖြစ်နေတာသာ ကြည့်တော့။ ပြီးတော့ လမ်းက အလှူခံမှာ အော်နေတာကို ပြန်ကြားယောင်မိတယ်။ ဘာလဲသိလား။ ရေဗူးနဲ့ ဖိနပ်မပါ၊ နွေအခါမှ သိဆိုတာလေ။ ယမင်း ကတော့ ထီးနဲ့ ဖိနပ် မရှိ၊ မိုးအခါမှသိဆိုတာလို ဖြစ်နေပြီပေါ့။ ထီးက အသစ်မ၀ယ်နိုင်လို့ အဟောင်းလေးပဲ ကိုင်နေရတယ်လေ။ ဖိနပ်ကတော့ တစ်လ သုံးလေးရံလောက် ပျက်နေတော့ မေမေက သံဖိနပ်ဝယ်ပေးမယ်တဲ့ ဟီးဟီး၊ ‘ဒါတောင် ပျက်ဦးမှာပဲတဲ့။ အင်း ဆိုလိုရင်းတောင် ပျောက်တော့မယ်။ ခေါင်းစဉ်က ဘာတဲ့ မိုးတွေရွာရင်တဲ့။ ယမင်းလေ မိုးရာသီကို အရမ်း နှစ်သက်တယ်။ ဘာလို့လဲဆိုတော့ ယမင်းကို မိုးတွင်း ၀ါဆိုလမှာ မွေးခဲ့ခြင်းက စခဲ့တာပေါ့။ ဘာတဲ့ ၀ါဆို ၀ါခေါင် ရေဖောင်ဖောင်တဲ့။ မိုးတွင်းမှာ မွေးခဲ့လို့လား မသိဘူး။ မိုးရွာရင် အရမ်းပျော်တယ်။ ငယ်ငယ်လေးကတည်းက မိုးသံကြားရင် ထွက်ဆော့ဖို့ပြင်တော့ လူကြီးတွေက မျက်စိနာမယ် ထွက်မဆော့ရဘူးတဲ့။ ယမင်းပဲ ဘယ်ရမလဲ မဆော့ပါဘူး။ လက်ဆေးမလို့ဆိုပြီး ရွာနေတဲ့မိုးကို လက်နဲ့ခံပြီး ဆော့တာပေါ့။ ပြီးတော့ လူပါ ရေတွေ စိုကုန်ရော ဒါနဲ့ မထူးတော့ဘူး ရေချိုးလိုက်မယ်နော်ဆိုပြီး ခြံထဲဆင်းဆော့ရရော။ ဘယ်လောက် အကြံပိုင်လဲ။ ဒါက လူမှန်းသိတတ်စကလေ။ အဲ နည်းနည်းကြီးလာတော့ အိမ်မှာက အစ်ကိုဝမ်းကွဲကလည်း ရှိတော့ ဆော့တဲ့အဖော်ရတယ်လေ။ ယမင်းက ငယ်ငယ် လေးကတည်းက ဘောလုံးကန်တာ ၀ါသနာပါတယ်။ အစ်ကိုဝမ်းကွဲနဲ့ဆော့တော့ ပိုဆိုးတာပေါ့။ မိုးရွာရင် အရမ်းပျော်တာ ဘာလို့လည်းဆိုတော့ ဘောလုံးကန်ရတော့မှာကိုး။ ပြီးရင် ဖေဖေက စက်ဘီးခွေဖြုတ်ထားပေးထားတော့ ခွေလှိမ့်ကစားသေးတယ်။ အဲ သီချင်းကလည်း အော်ဆိုသေးတယ်။ မိုးရွာရင်__ မိုးရေချိုးမယ်__ မေမေလာရင် နို့စို့မယ်__ ဖေဖေလာရင် အုန်းသီးခွဲစားမယ်__ ငယ်ငယ်တုန်းက ဆိုတဲ့ သီချင်းလေ။ အဲ နည်းနည်းကြီးလာတော့ ကိုင်ဇာရဲ့ သီချင်းပြောင်းသွားတာပေါ့။ မိုးတွေရွာရင်__ ငယ်ငယ်တုန်းကအကြောင်း ပြန်ပြောင်းသတိရပါတယ်__ ကျောင်းသွားအတူတူ__ ကစားလည်း အတူတူပဲကွယ်__ နှောင်းအတိတ်မှာ ပျော်စရာ အောက်မေ့ပါသေးတယ်__ ပြီးတော့ အစ်ကိုနဲ့က အသက်ကလည်း သိပ်မကွာတော့ ဆော့လိုက် ရန်ဖြစ်လိုက် ပြန်တည့်လိုက်ပေါ့။ ပြီးရင် အနိုင်ရမှ ကျေနပ်တတ်တဲ့ ယမင်းကိုလည်း အလိုလိုက်ရသေးတယ်။ အဲ နည်းနည်း ကြီးလာတော့ ခွေမလှိမ့်တော့ဘူး။ ဘောလုံးကန်တယ်။ ဘောလီဘော ကစားတယ်။ ပြီးတော့ မိုးရွာထဲမှာ စက်ဘီးစီးရတဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်ဘူး။ ပြီးရင် အစ်ကိုနဲ့ ကော်ဖီ တစ်ခွက်ကြေးဆိုပြီး စက်ဘီးပြိုင်နင်းသေးတာ။ မိုးတွေအရမ်းရွာရင်တော့ စက်ဘီး မစီးခိုင်းဘူး။ လူကြီးတွေက အိမ်နားမှာဘဲ ဆော့လို့ပြောရော။ ခဏနေရင် တက်ရမယ်တဲ့။ မိုးရေထဲ မဆော့ရမှာစိုးလို့ ဟုတ်ကဲ့ပေါ့။ ပြီးတော့ အအေးပတ်ခါမှ ပတ်ရော တော်တော်နဲ့ အိမ်ပေါ်ကို ပြန်မတက်တော့ဘူး။ အဲ တော်တော်ကြီးလာတော့ ထွက်ဆော့ဖို့ ခွင့်မပေးတော့ဘူး။ ဒီတော့ ဘာလုပ်လဲ မိုးရေထဲမှာ ထီးမပါ၊ အဆောင်းမပါဘဲနဲ့ လျှောက်သွားတာပေါ့။ မိုးတွင်းကို နှစ်သက်ပေမဲ့ မိုးခြိမ်းရင် အရမ်းကြောက်တယ်။ ငယ်တုန်း ကတော့ မေမေကို မေးကြည့်တော့ မလိမ်မာတဲ့ကလေးတွေကို ခေါ်မလို့တဲ့။ အဲဒါကို ဖေဖေကို ထပ်မေးကြည့်တာပေါ့။ ဖေဖေကပြောတော့ မိုးပေါ်မှာ သိကြားမင်းနဲ့ အသူရာ စစ်ဖြစ်နေတာ တဲ့။ ဟင် ဘယ်ဟာက အမှန်လဲပေါ့ စဉ်းစားသေးတယ်။ သြော် သူတို့ ဘာဖြစ်ဖြစ်ပေါ့။ ကိုယ်ကတော့ မိုးရေထဲ ထွက်ဆော့မြဲပဲလေ။ ဒါနဲ့ မေမေပြောတဲ့စကားကြောင့် မိုးရေထဲ မထွက်ဘဲ နေလိုက်သေးတယ်။ ဘာလဲဆိုတော့ မိုးဘာလို့ ရွာတာလဲလို့ မေးကြည့်တာကို မိုးပေါ်က နတ်သားတွေ သေးပေါက်ချတာတဲ့။ အဲဒါနဲ့ ဟာ... ‘ဒါဆို ဒီရေတွေက ညစ်ပတ် တာပေါ့ ဆိုပြီး အိမ်ထဲမှာ စာအုပ်ဖတ်ရင်း အောင်းဖြစ်သေးတယ်။ အဲ နောက်တော့ မရပါဘူး။ ထွက်တာပါဘဲ။ ကျောင်းတက်တော့ လူကြီးတွေက မိုးတွင်းရောက်ရင် စိတ်ညစ်တယ်တဲ့။ ယမင်းကတော့ ပျော်တာပေါ့။ ကျောင်းသွားတုန်း မိုးက ဗြုန်းဆိုရွာပါလေရော၊ အရမ်းသည်းတော့ တစ်ကိုယ်လုံး စိုကုန်ရောလေ။ ကျောင်းရောက်တော့ လဲစရာမပါတော့ ဆရာမက ပြန်ခိုင်းရော။ ဟား ဟား ဟား ပျော်လိုက်တာ အရမ်းပဲ။ ဘယ်ရမလဲ နှစ်ခါ မပြောရဘူး ပြန်တာပေါ့။ တက္ကသိုလ်တက်တော့လည်း ဒီလိုဘဲ မိုးရေထဲလျှောက်သွားရတာကို နှစ်သက်တယ်။ ထီးပါရင်လည်း သူများပေးဆောင်းလိုက်တာပဲ။ အဲ စိုးလွင်လွင်သီချင်းကို လည်း သတိရမိတယ်။ မိုးတွေရွာတိုင်း__ လွမ်းမျက်ရည်တွေဝိုင်း__ လွမ်းစရာ အရာရာ ဖြစ်ခဲ့ပြီ__ သို့ပေမဲ့လဲလေ__ နယ်မြေခြင်း__စည်းခြားခဲ့ပြီ ဆိုတဲ့ သီချင်းလေ။ ဟုတ်တာပေါ့။ အမိတက္ကသိုလ်မြေကို ကျောခိုင်းထွက်ခွာခဲ့ရပြီလေ။ ကျောင်းကြီးကို လွမ်းပေမဲ့ ဝေးခဲ့ရပြီလေ။ ယမင်းလေ မိုးရာသီရောက်တိုင်း ပျော်ခဲ့ပေမဲ့ ဒီနှစ်မိုးရာသီကို အရမ်းမုန်းမိတယ်။ နာလည်း နာကျင်မိတယ်။ ယမင်းတို့သူငယ်ချင်းတွေအားလုံးက မထင်မှတ်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုကြောင့်ပေါ့။ ဒီနှစ်ကတော့ မိုးရွာရုံတင်မကဘူး။ လယ်သမားတွေရော၊ လူတွေအားလုံးကိုရော အကြီးအကျယ်စိတ်ဆင်းရဲစေခဲ့တဲ့ မိုးရာသီ အ၀င်ဖြစ်လာခဲ့တယ်လေ။ ယမင်းလေ ဒီသတင်းကို လုံးဝ မထင်မှတ်ထားဘူး။ ခုထိလည်း လုံးဝမယုံကြည်သေးဘူး။ ဒီသတင်းကို သယ်ဆောင်လာတဲ့သူကတော့ ယမင်းတို့အဖွဲ့ထဲက တစ်ယောက်ပေါ့။ သူက သူ့ရဲ့ မင်္ဂလာဆောင်ကို လိုက်ဖိတ်တယ်။ အရင်ဆုံး ကျောင်းတုန်းက နှိပ်စက်ခဲ့တဲ့ ဆရာမတွေကို သွားဖိတ်ခဲ့တယ်လေ။ အဲဒီမှာ မေဂျာက ဆရာမကို ဖိတ်ပြီး နောက်တော့ ယမင်းတို့ကို အစစအရာရာ အလိုလိုက်၊ သည်းခံခွင့်လွှတ်ပြီး အရာရာ သွန်သင်လမ်းပြပေးတဲ့ ဆရာမနာက်တစ်ယောက်ကို ဖိတ်မလို့ ဖိတ်စာမှာ နာမည်လေးရေး ထားပြီး သွားပေးတဲ့အချိန်မှာ ဆရာမဟာ လူ့လောကကြီးမှာ မရှိတော့ဘူးတဲ့။ ကြားလိုက်ရတဲ့ သတင်းဟာ မယုံကြည်နိုင်လောက်ဘူး။ ‘ဒီတော့ သူငယ်ချင်းက မနောက်ပါနဲ့ ဆရာမရယ် ပေါ့။ မေဂျာဆရာမက အဖြစ်အပျက်ဟာ မြန်ဆန်လွန်းပါတယ်တဲ့။ မင်းတို့တွေ မင်းတို့ချစ်တဲ့ ဆရာမအကြောင်းတောင် မသိလိုက်ရဘူးနော်တဲ့။ ရင်ထဲမှာ တော်တော်ကို စို့သွားတယ်။ ဘာဖြစ်လို့လဲ ဆရာမရယ်လို့ မေးလိုက်တော့ စိတ်ကို ခိုင်ခိုင်ထားကြပါတပည့်တို့ရယ် ဆိုပြီး ရေတွေကြီးပြီး မိုးတွေအရမ်းရွာနေတဲ့တစ်နေ့မှာတဲ့ သူ တာဝန်ကျရာ မြို့ကို ပြန်အသွားမှာ ကားမှောက်တာတဲ့။ ကားပေါ်မှာပါတဲ့သူတွေအားလုံး ပွဲချင်းပြီး ဆုံးကြတာတဲ့။ အဲဒီထဲမှာ မင်းတို့ချစ်တဲ့ ဆရာမပါသွားတယ်တဲ့။ ဆရာမရယ် ဒါဟာ မဖြစ်နိုင်ပါဘူး။ ဆရာမ နားကြားလွဲတာ ဖြစ်ပါလိမ့်မယ်လို့ ယမင်းတို့တွေ အားလုံးဟာ မိုးရေတွေနဲ့အတူ မျက်ရည် မိုးတွေ ရွာပြီး ပြောခဲ့ကြတယ်။ ဆရာမက တရားနဲ့ ဖြေကြပါ သားတို့ သမီးတို့ရယ်တဲ့။ ဖြစ်လာမှတော့ ဘယ်တတ်နိုင်မှာလဲတဲ့။ အဲဒါနဲ့ သူငယ်ချင်းက သူ့ရဲ့ဖိတ်စာလေးကို လက်နှင့် ဆုပ်ထားလိုက်တာ လက်ထဲမှာ ဆရာမရဲ့ နာမည်လေးဟာ ကြေမွလို့ပေါ့။ ကိုယ့်ပေါ်ကို ကောင်းတဲ့ဆရာမ ဆုံးရှုံးတာကို တရားနဲ့ဖြေလို့ ဘယ်ရမလဲ။ ခုတော့ ယမင်းလေ မိုးရာသီကို အရမ်းကြီး မမုန်းပေမဲ့ မိုးရာသီရောက်တိုင်း ဆရာမကို လွမ်းတဲ့စိတ်၊ သတိရတဲ့စိတ်က ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်တော့ပါဘူး။ ယမင်းတစ်ယောက်ထဲ မဟုတ်ပါဘူး လေ။ သူငယ်ချင်းအားလုံးရဲ့ရင်ထဲမှာ မိုးရာသီကို အမြဲသတိရတမ်းတနေမိကြမှာ အမှန်ပါဘဲ။ ]ဟော အပြင်မှာ မိုးတွေရွာနေတယ်။ လေဟာနယ်မှာ မိုးတွေရွာနေတယ်။ နေရာတိုင်းမှာ မိုးတွေရွာနေတယ်။ ရင်ထဲမှာလည်း မိုးတွေရွာနေတယ်။ ဒါပေမဲ့လေ... ရင်ထဲမှာ ရွာနေတဲ့မိုးက ပိုပြီး သည်းထန်နေပါတယ်။ ဆရာမတစ်ယောက် ဒီလို အဖြစ်ဆိုးမျိုးနဲ့ ဘ၀ဆက်တိုင်း မကြုံမိပါစေနဲ့လို့ ယမင်းဆုတောင်း နေမိပါတယ်။ (ဆရာမ ကောင်းရာသုဂတိလားပါစေ) |
posted by yamin @ 5:21 AM  |
|
|
Wednesday, June 27, 2007 |
|
ကြည်ညိုစွာဖူးမြော်ကြပါနော်....
သူငယ်ချင်းနှင့်အတူ အမှတ်တရ
ကျိုက်ထီးရိုးစေတီသည် ကျိုက်ထိုနယ်ရှိ အရှေ့ရိုးမတောင်တန်း အ၀င်အပါဖြစ်သော ပေါင်းလောင်းတောင်ပေါ်မှာ တည်ရှိပြီး မြန်မာနိုင်ငံမှာ တန်ခိုးကြီးတဲ့ စေတီတစ်ဆူဖြစ်ပါတယ်။ ကျိုက်ထီးရိုးစေတီကို အစွဲပြုပြီး စေတီတည်ရှိတဲ့တောင်ကိုလည်း ကျိုက်ထီးရိုးတောင်လို့ ခေါ်ကြတယ်။၊ ကျိုက်ထီးရိုးစေတီတည်ရှိရာ တောင်ထွတ်မှာ ပင်လယ်ပြင်မှ ပေ ၃၆၀၀ ခန့် မြင့်ပါတယ်။ ကျိုက်ထီးရိုးစေတီ တည်နေပုံမှာ အံ့သြဖွယ်တော်တော်ကောင်းပါတယ်။ ကြီးမားမတ်စောက်တဲ့ ကျောက်ဆောင်တစ်ခုရဲ့အစွန်းမှာ လုံးပတ် ပေ ၅၀ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဍာန် ကျောက်လုံးကြီး တစ်ခုက ပြုတ်လုတည်းကာတင်နေတာကို တွေ့ရတယ်။ အဲဒီကျောက်တုံးကြီးပေါ်တွင်မှ—ဥာဏ်တော် ၁၅ ပေခန့် မြင့်သော စေတီတော်ကို တည်ထားတာတွေ့ရတယ်။ ပြီးတော့ စေတီတည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေပြီး သံတံတားငယ်ဖြင့် ဆက်သွယ်ထားတာကို တွေ့ရပါတယ်၊ စေတီတည်ထားရာ ကျောက်တုံးကြီးဟာ လူတစ်ယောက် တွန်းလိုက်ရုံနှင့် လှုပ်ရှားသွားတာတွေ့နိုင်တယ်။ ထိုကျောက်တုံးကို တွန်းပြီအောက်ခံကျောက်အကြားကို အပ်ခြည်ကြိုးသွင်းပြီး ဆွဲယူနိုင်လို့ရတယ်။ ဗုဒ္ဓဥာဏရသေ့သည် ဆံတော်ဓာတ် ၃ ဆူကို မပျောက်မပျက်ရအောင် သူရဲ့ဆံကျစ်အတွင့်း စည်းနှောင် ထားခဲ့တယ်တဲ့။ နောက်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါ နှိပ်စက်သဖြင့် ရသေ့ကြီးဟာ အင်း ငါကွယ်လွန်ခဲ့သော် ဒီဆံတော်ဓာတ် ၃ ဆူကို မည်သို့မည်ပုံ ထားခဲ့ရပါမည်နည်းဟု တွေးတော ပူပန်ခြင်း ဖြစ်မိခဲ့တယ်တဲ့။၊ ထိုအခါ သိကြားမင်းက လူ့ပြည်ကို ဆင်းသက်လာပြီ။ ရသေ့ကြီးရဲ့ ဆနအတိုင်း ရသေ့ကြီးဦးခေါင်းနှင့်တူတဲ့ ကျောက်တုံးကို ရှာဖွေပြီး ကျောက်တုံးထဲကို သန်လျက်နှင့်ထွင်း၊ ဆံတော်တစ်ဆူကို ဌာပနာခဲ့တာတဲ့၊ ထို ကျောက်တုံးပေါ်မှာ တည်ထားသောစေတီကို မွန်ဘာသာအားဖြင့် ကျိုက်အိသိရိုး မြန်မာဘာသာဖြင့် ရသေ့ရွက်သောဘုရားဟု ခေါ်တွင်စေတယ်၊ နောင်ကာလ ကြာလတ်သော် ကျိုက်အိ သိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာခဲ့တာ ဆိုဘဲ၊ အဲ ကျန်ဆံတော် ၂ ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များမှာ အသီးအသီး ဌာပနာပေးခဲ့ကြောင်းနှင့် သမိုင်းများတွင် ဆိုသည်၊ ထိုစေတီများမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားပါတယ်၊ ကျိုက်ထီးရိုးရင်ပြင်တော်မှ မြင်ရတဲ့ ရှုမျှော်ခင်းမှာ အလွန်သာယာပါတယ်၊ ကြည်နူးဖို့လည်း ကောင်းတယ်။ ပြီးတော့ အနောက်ဖက်ကို မျှော်ကြည့်မယ်ဆိုရင် စစ်တောင်းမြစ်ကို ကျော်လွန်ပြီ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။ ကျိုက်ထီးရိုးစေတီတော်ပေါ်တက်ဖို့ လမ်း ၂ လမ်းရှိတွေ့ရပါတယ်၊ တစ်လမ်းက စစ်တောင်းရွာမှ တက်ရတဲ့လမ်းဖြစ်ပြီး ကျန်တစ်လမ်းကတော့ ကျိုက်ထိုမြို့ကနေ မော်တော်ကားလမ်းဖြင့် ၉ မိုင်ခန့်ဝေးတဲ့ ကင်မွန်းစခန်းခမှ တက်ရတဲ့လမ်း ဖြစ်ပါတယ်၊ ဒုတိယလမ်းမှာ ဘုရားဖူးအများ အသုံးပြုတဲ့လမ်း ဖြစ်ပါတယ်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုး ရင်ပြင်တော်အထိ ၇ မိုင်ခွဲခန့်ရှိပြီး စခန်းပေါင်း ၂၇ ခုကို ဖြတ်ကျော်သွားရပါတယ်။ ကျိုက်ထီးရိုးပွဲတော်အချိန်မှာ နှစ်စဉ် တပို့တွဲလကနေ တန်ခူးလအထိ ကျင်းပပါတယ်။ ပွဲတော်အချိန့် မြန်မာနိုင်ငံ အရပ်ရပ်က ထောင်သောင်းမကသော ဘုရားဖူးများ လာရောက်ကြတာကို တွေ့ရှိရပါတယ်။၊ ဘုရားသို့တက်ရာ လမ်းတစ်လျောက်မှာ ဘုရားဖူးများ နားနေတည်းခိုရန် ရေမြောင်ကလေး။ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်းကြီး၊ ဘိုးပြန်တောင်၊ စိုင်တမော့ အစရှိတဲ့ စခန်းများ၊့ ဈေးဆိုင်များကိုလည်း တွေ့ရှိခဲ့ရတယ်။ ကင်းမွန်းစခန်းမှာဆိုရင် ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များ ရှိပြီး လမ်းခရီးမှာ မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမာန် စေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်တင်နတ် စသော နတ်ကွန်းများကို တွေ့ရှိရလိမ့်မယ်၊ အသက်အရွယ် ကြီးရင့်သူနှင့် အိုမင်းမစွမ်းသူတို့ကတော့ အထမ်းပုခက်များစီးပြီး တက်ကြတာကို တွေ့ခဲ့ရတယ်။ တချို့ကြတော့ ပိုက်ဆံရှိလို့ တက်ကြတာလည်း ဖြစ်ပါလိမ့်မယ်။ ဘုရားဖူးများဟာ ကျိုက်ထီးရိုးဘုရားကတစ်ဆင့် မုဆိုးဘုရား။ ဖားဘုရား၊ နဂါးဘုရားများကို ဖြတ်ကျော်ပြီး ၄ မိုင်လောက်ဝေးတဲ့ ကျောက်ထပ်ကြီးဘုရားကိုလည် သွားလို့ရတယ်။ ကျိုက်ထီးရိုးရင်ပြင်ပေါ်မှာ ဘိုးဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုး ဘုရားမြောက်ဘက်မှာတော့ ကျီးကန်းပါးစပ်လို့လည်းခေါ် ကျောက်ဂူနေရာတို့မှာလည်း သွားပြီး ဆုတောင်းဓိဋ္ဌာန်ပြုပြီး အမွေးနံ့သာ ပက်ဖြန်းပြီး ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်လို့ ရတာကို တွေ့ရပါတယ်။ အင်း လျှောက်သွားရရင်တော့ သွားရမဲ့နေရာတွေက အများကြီးပဲ ပျော်စရာလည်း ကောင်း၊ ကြည်နူးစရာလည်း အရမ်းကောင်းပါတယ်။ ယမင်းလည်း ၂ ခေါက်ဘဲ ရောက်ဖူးပါသေးတယ်။ ပထမတစ်ခေါက်ကတော့ တော်တော်ကို အဆင်မပြေပါဘူး။ လပြည့်နေ့လည်း ဖြစ်၊ လူတွေကလည်းအရမ်းများတော့ တည်းခိုခန်းကနေ သိပ်ပြီး မလည်ဖြစ်ပါဘူး။ မိသားစုနဲ့သွားတာဆိုတော့လည်း ပျော်တာပါဘဲ။ အဲ နောက်တစ်ခေါက်ကျတော့ သူငယ်ချင်းတွေနဲ့ သွားရတာဆိုတော့ ပိုပြီး ပျော်တာပေါ့။ ပြီးတော့ မှတ်မှတ်ရရ နှစ်သစ်အကူးမှာ သွားဖြစ်ခဲ့တာလေ။ နှစ်သစ်အကူးကို တောင်ပေါ်မှာ ကျင်းပခဲ့ရတာဆိုတော့ ပျော်ဖို့ အရမ်းကောင်းတယ်။ တစ်ညလုံး မအိပ်ဖြစ်ခဲ့ဘူး။ မနက်ကြတော့လည်း ပန်းကပ်၊ ဆီမီးကပ်နဲ့ဆိုတော့ ပြီးတော့ ရွှေသင်္ကန်းကပ်ဖို့ ကြတော့ ပါလာတဲ့ ယောက်ျားလေးသူငယ်ချင်းကို သွားကပ်ခိုင်းရတယ်။ အင်း အဲဒီမှာ အတွေးတစ်ခု ခေါင်းထဲရောက်လာတယ်။ ဘာလို့ ယောက်ျားလေး မဖြစ်ခဲ့ရတာလဲလို့ပေါ့။ ဒါပေမဲ့လည်း ရောက်နေတဲ့ဘ၀ကိုလည်း စိတ်ပျက်လို့ တွေးမိတာ မဟုတ်ပါဘူး။ ဘယ်နေရာရောက်ရောက် ကျင့်ကြံနိုင်ရင် တစ်နေ့တော့ အောင်မြင်မှာပဲလို့ စိတ်ကို ဖြေသိမ့်ခဲ့တယ်လေ။ အဲဒီနောက်ပိုင်း တစ်နှစ် တစ်ခေါက်တော့ မှန်မှန်သွားနိုင်ရင် ကောင်းမယ်လို့ စိတ်ကူးရှိခဲ့တယ်။ မိတ်ဆွေတို့ကော ရောက်ခဲ့ပြီးကြပြီပေါ့နော်။ ဒီတစ်ခါသွားရင် ပြောဦးနော်။ |
posted by yamin @ 7:38 PM  |
|
|
Monday, June 25, 2007 |
|
သူငယ်ချင်းတွေက ပြောတယ်။ ကောင်းကင်မှာ ငှက်ကလေးတွေ ပျံသွားခြေရာ ကျန်မှ မေ့မှာပါတဲ့။
|
posted by yamin @ 6:42 AM  |
|
|
|
|
လပေါ်ကို စက်ဘီးနဲ့သွားရင်ကောင်းမလားဟင်.... အဆင်ပြေပါ့မလားတော့ မသိဘူး... စမ်းသွားကြည့်တာပေါ့နော်....
|
posted by yamin @ 6:21 AM  |
|
|
|
|
မိုးရာသီအကြောင်းကို သိုးမလေးက ရေးခိုင်းနေပါတယ်။ ဒါကြောင့် ယမင်းကြိုးစားပြီးရေးမှာပါ။ ခုတော့ မဟုတ်သေးဘူး။ မိုးအရမ်းရွာနေလို့နော်။ ရေတွေက မျက်နှတြွေပါ အရမ်းစိုနေလို့ နောက်မှ ရေးတော့မယ်နော်။
|
posted by yamin @ 6:07 AM  |
|
|
|
|


ကျိုက်သံလန်စေတီ၊ ၊ ထိုစေတီမှာ မော်လမြိုင်မြို့ပေါ်တွင် အထင်ရှားဆုံး စေတီ ဖြစ်ပါတယ်။ မြို၏အရှေ့ဖက် သံလင်တောင်စွယ်တွင် တည်ရှိပြီးတော့ စေတီသမိုင်းနှင့် စပ်လျဉ်း၍ အဆို ၂ မျိုး ကွဲပြားလျက် ရှိတယ်။ တစ်မျိုးမှာ သာသနာနှစ် ၂၃၆ တွင် ယခု မော်လမြိုင် ခေါ် ရမ္မာဝတီမြို၏မှ မွတ်ပိရာဇာမင်းသည် သထုံပြည်မှ သွားတော် ဓာတ်တစ်ဆူရရှိခဲ့သဖြင့် မြတ်စွာဘုရားသခင် ကြွရောက်နားနေတော်မူဖူးရာ နာဂ၀သီတောင်လည်းခေါ် သံလင်တောင်စွယ်တွင် ဌာပနာ၍ စေတီတည်ခဲ့ကြောင်း။ ဆံတော်ဓာတ်ကိုလည်း ဌာပနာကြောင်းနှင့် အဆိုရှိသည်၊ ဘုရားတည်ရာတောင်ကို အစွဲပြု၍ စေတီကိုလည်း ကျိုက်သံလင်စေတီဟု ခေါ်တွင်လေသည်၊ ယခုအခါ စကား ရွေ့လျောလာသဖြင့် ကျိုက်သံလန် ဖြစ်လာသည်၊ ရှေးအခါက ထိုစေတီ တည်ထားရာ တောင်ခြေသည် ပြိုပျက်အံ့သကဲ့သို့ ရှိသောကြောင့် မွန်ဘာသာဖြင့် ‘သံလင်ဟု သမုတ်ခဲ့တယ်ဆိုတာကို ကြားသိခဲ့ရတယ်။ အရမ်းလည်း သပ္ပာယ်တယ်။ ယခုအခါ ကျိုက်သံလန်စေတီတော်ရဲ့ —Óဏ်တော်မှာ ပေ ၁၅၀ ရှိပြီး ဖိနပ်တော် အ၀န်းမှာ ပေ ၄၅၀ ရှိတယ်တဲ့။ အင်း ပြီးတော့ စေတီရံပေါင်း ၃၄ ဆူ ရှိသေးတယ်။ ဒါတောင် ၁၃၀၇ ခုနှစ်က ကျိုက်သံလန်စေတီ ကုန်းတော် သုံးပုံ တစ်ပုံခန့် ပြိုကျပျက်စီးခဲ့ပြီး မြို့သူမြို့သားများက ကျိုက်သံလန် ရင်ပြင်တော် ပြုပြင်ရေးအဖွဲ့ ဖွဲ့ပြီး ထပ်မံပြင်ဆင်ခဲ့ကြရသေးတယ်။ ကြည်နူးစရာ ဘယ်လောက်ကောင်းလိုက်သလဲနော်။ မော်လမြိုင်မြို့ကို ရောက်ရင် ကျိုက်သလန်စေတီကို ၀င်ဖူးဖြစ်အောင် ၀င်ဖူးခဲ့ကြဦးနော်။ |
posted by yamin @ 5:30 AM  |
|
|
Friday, June 22, 2007 |
|
 လပေါ်သို့ လိုက်ချင်သူများ စီးချင်တဲ့ ယာဉ်စာရင်းကို လာရောက်ပေးထားမှ စိတ်ချရမယ်နော်.....။ နောက်ကျရင် အပေါက်ဝဘဲ။ နောက်မှ ယမင်းက လူရွေးခေါ်တယ်မလုပ်နဲ့။ စီးချင်တဲ့ယာဉ်များကိုလည်း ပြသထားပါတယ်။
|
posted by yamin @ 6:53 AM  |
|
|
|
|
 ကလေးရေ.... သတိထား စားနော်... မစားကောင်းတဲ့ မှိုလည်း ရှိသေးတယ်။ ဒီကလေးတော့ ကြည့်မစားဘူး။ ဘေးဥပဒ်ရောက်ဦးမယ်။ |
posted by yamin @ 6:04 AM  |
|
|
Thursday, June 21, 2007 |
|


Dark pink rose - Appreciation, gratitude, thank you.
ပန်ရောင်ရင့်ရင့်လေးရဲ့ အဓိပာယ်ကတော့ အသိအမှတ်ပြုမှု၊ ကျေူဇူးရှိမှု၊ ကျေးဇူးတင်မှုကို ဖော်ပြဖို့ သုံးပါတယ်ရှင် အချိန်ရသေးရင် ထပ်ပြီး ပြောပြပါဦးမယ်ရှင်။ သင့်တော်တဲ့နေရာလေးတွေမှာ သုံးတတ်နိုင်ပါစေရှင်။

yellow rose - joy, friendship, freedom.
အ၀ါရောင်နှင်းဆီပန်းကတော့ ပျော်ရွှင်မှု၊ မိတ်ဆွေ၊ လွတ်လပ်မှု တဲ့ သိပြီလာူး။
|
posted by yamin @ 7:15 AM  |
|
|
|
|

သူငယ်ချင်းဒို့ရေ... သတိရတယ် တို့ရဲ့ မမေ့နိုင်တဲ့နေ့လေးတွေကိုပေါ့။ |
posted by yamin @ 5:34 AM  |
|
|
|
|
မြန်မာပြည်တွင် တန်ခိုးကြီးဘုရားများအနက်မှ အနော်ရထာမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ စွယ်တော်မြတ်လေးဆူကို တင်ပြချင်ပါတယ်။ ကောဇာသက္ကရာဇ် ၃၇၉ မှာ အရိမဒ္ဒနပူရခေါ် ပုဂံပြည်၌ သီရိအနုရုဒ္ဓဒေ၀ဘွဲ့ခံ အနော် ရထာမင်းကြီး ထီးနန်းတက်ခဲ့တယ်။ သက္ကရာဇ် ၃၉၃ မှာ သီဟိုဠ်မင်း ဓာတုသေနက အနော်ရထာမင်းကြီးကို ဗုဒ္ဓရဲ့ သရီရစွယ်တော်ကို ပေးခဲ့တယ်။ မြန်မာနိုင်ငံမှာ စတင် သာသနာတော် ဖြစ်ထွန်းအောင် ကြံဆောင်ခဲ့တဲ့သူဟာ ရှင်အရဟံ ဖြစ်ပါတယ်။ အဲဒီမှာတင် ရှင်အရဟံက မင်းကြီးကို သာသနာတော်အရှည်တည်ဖို့အတွက် အများပြည်သူတွေ ပူဇော်နိုင်ရန် သီးသန့်နေရာမှာ တည်ထားကိုးကွယ်သင့်တယ်လို့ အကြံပြုခဲ့တယ်။ ရာဇ၀င်က ပြောရရင် အရှည်ကြီးပဲ။ ‘ဒီတော့ တိုတိုပဲ ပြောလိုက်တော့ မယ်နော်။ အဲဒီမှာတင် အနော်ရထာမင်းက အဓိဋ္ဌာန်ပြုပြီး စွယ်တော်ကို ပွားခဲ့တယ်။ စေတီလေးဆူ တည်ထားကိုးကွယ်ခဲ့တယ်။ အနော်ရထာမင်းကြီး၏ သစ္စာတော် အဓိဋ္ဌာန်ကတော့ ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ်လေးဆူကို အကြင်သူသည်
နောက်နေ့မကူး နေ့ချင်းဖူး၏။ လှူသည့်ပုဂ္ဂိုလ် မပိုတူ၏။ တောင်းဆိုစကား မမှားတူ၏။ သီလငါးချက် မပျက်လုံ၏။ ထိုသည်သူအား မကြာချက်ချင်း လက်ငင်းကောင်းကျိုးထူးစေသတည်း တဲ့။
ဤဆုတောင်းပြည့်ဝမှန်ကန်တဲ့ စေတီတော်လေးဆူမှာ- ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်းတောင်၊ တန့်ကြည်တောင်ဘုရားများ ဖြစ်ပါတယ်။ တကယ့် သစ္စာ သမာဓိရှိတဲ့သူဟာ ပြည့်စုံမယ်လို့ ယမင်း ယုံကြည်မိပါတယ်။ ယမင်းလည်း ပုဂံဘုရားများကို နှစ်ခေါက်ဘဲ သွားရောက်ဖူးမြော်ခဲ့ရပါသေးတယ်။ ဖူးမြော်နေတဲ့အချိန်မှာ ကြည်နူးမှု၊ စိတ်၏အေးချမ်းမှုကို ခံစားခဲ့ရပါတယ်။ ပြောမပြတတ်အောင်လည်း ၀မ်းသာကြည်နူးမိပါတယ်။ ယမင်းလေ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ ကိန်းဝပ်နေတဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုနေတဲ့ ပုဂံပြည်ကို အခြေအနေပေးခဲ့ရင် ထပ်မံသွားရောက်ဖူးမြော်ချင်ပါသေးတယ်။ ယမင်းသွားခဲ့ရတဲ့နှစ်ခေါက်မှာ ပထမတစ်ခေါက်က မိသားစုနှင့် သွားခဲ့ရပြီး ဒုတိယ တစ်ခေါက်ကတော့ ကျောင်းပြီးတုန်းက မေဂျာကသွားတာကို မလိုက်ဘဲနဲ့ သူငယ်ချင်းတွေနဲ့ ထပ်မံသွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နှစ်ခေါက်စလုံးဟာ ယမင်း အတွက် မမေ့နိုင်စရာ နေ့ကလေးတွေ ဖြစ်ခဲ့ပါတယ်။ အရမ်းလည်း ပျော်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ဒီလို ရှေးဟောင်းအမွေအနှစ်တွေ ဆက်လက်တည်ရှိနေစေချင်တာ ယမင်းရင်ထဲက ဆန္ဒဖြစ်ပါတယ်။ မိတ်ဆွေတို့ကော သွားရောက်ဖူးမြော်ပြီးကြပြီလို့ ယမင်း ထင်မိပါတယ်။ သွားရောက်ခဲ့ရင်လည်း စွယ်တော်လေးဆူကို ဖူးမြော်ဖြစ်အောင် ဖူးမြော်စေချင်ပါတယ်။ ရွှေစည်းခုံဘုရားမှာလည်း ဆုတောင်းပြည့်တယ်လို့ ပြောတဲ့ အောင်မြေဆိုတာရှိသေးတယ်။ ယမင်းတို့သွားတုန်းကတော့ စနေနံပါတဲ့သူက ဘေးမှာ ရပ်ပြီး ဆုတောင်းရင် ပိုပြည့်တယ်တဲ့။ ပြောကြတာပဲ။ ယမင်းတို့လည်း သူငယ်ချင်းထဲမှာ စနေသားပါတော့ ၀မ်းသာသွားတာပေါ့။ ပြည့်တာ မပြည့်တာတော့ ထားပါ။ ‘သူ့ကို ဘေးမှာ ထားပြီး တစ်ယောက်ပြီး တစ်ယောက် ဆုတောင်းကြတာပေါ့။ ယမင်းအလှည့်ကြတော့ သူငယ်ချင်းက ပြောတယ်။ နင် ဆုတောင်းတာ ငါလည်း တစ်ဝက်ဆိုင်တယ်တဲ့ ယမင်းကို နောက်သေးတယ်။ တကယ်လားလို့ ယမင်းက မေးလိုက်တယ်။ ဘာလို့လဲ ဆိုတော့ ငါ ဆုတောင်းတာ ၇ ရက် သားသမီး မဟုတ်ဘူး။ ၈ ရက်သားသမီးအားလုံးအတွက် ဆုတောင်းတာလို့ ပြောလိုက်တယ်။ အလကားနောက်တာတဲ့။ ယမင်း ဆုတောင်းပြည့်ပါစေလို့ သူက ထပ်ပြီး ဆုတောင်းပါတယ်တဲ့။ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲနော်။ ဒါတောင် မေမေတို့နဲ့ သွားပြီးတာ မကြာသေးဘူး။ အိမ်ကို အတင်းခွင့်တောင်းရတယ်။ သူငယ်ချင်းတွေနဲ့ မရောက်ဖူးသေးလို့ သွားမှာလို့ပြောပြီးကို သွားတာ။ မေမေတို့က ခွင့်မပြုရင် စိတ်ကောက်မှာစိုးလို့လေ။ သွားလို့ ခွင့်ပြုတယ်။ ဒါပေမဲ့ ပိုက်ဆံမပေးဘူးတဲ့။ ရှိရင်သွားတဲ့ ခွင့်ပြုတော့တယ်။ ယမင်းဘဲ ဘယ်ရမလဲ ဟဲဟဲ။ အဲဒီအချိန်က နောက်ဆုံးနှစ် မဟာဝင်ချင်လို့ အလုပ်က ထွက်ထားတာဆိုတော့ လက်ထဲမှာ ပိုက်ဆံမရှိတာကို သိတယ်လေ။ ဒါကြောင့် ပြောတာ။ ဘယ်ရမလဲ ပိုက်ဆံချေးပြီးကို သွားတော့တာ။ အစ်ကိုဝမ်းကွဲဆီက ချေးတာပေါ့။ အစ်ကိုက ပြောပါတယ်။ ဘယ်တော့ ပြန်ဆပ်မလဲတဲ့။ ယမင်းက ပြောလိုက်တယ်။ ပေးနိုင်တဲ့ အချိန်ကို တစ်ခါတည်း ပြောမယ်နော်လို့။ ပြီးတော့မှ အလုပ်ရရင် ပြန်ဆပ်မယ်လို့ ပြောလိုက်တယ်။ အဲဒါကို မေတို့ ဖေတို့က ပြောတယ်။ ဟုတ်လည်း ဟုတ်တဲ့ မောင်နှမတဲ့။ ဟိုကလည်း ဘယ်အချိန်ပြန်ရမှန်း မသိဘဲ ချေးတယ်တဲ့လေ။ အင်းလေ အလုပ်ရမှ ပြန်ဆပ်လို့ရမှာပေါ့။ ခုက လက်ထဲမှာ ပိုက်ဆံက မရှိတော့ဘူးလေ။ စာမေးပွဲဖြေတုန်းက သုံးလိုက်တာ အကုန်ကုန်ပြီကိုး။ အဲဒါနဲ့ ပထမတစ်ခေါက်ရဲ့ ဆုတောင်းပြည့်ခဲ့တယ်လေ။ ဘာလို့လဲဆိုတော့ ဒီတစ်နှစ်အတွင်းမှာ နောက်တစ်ခေါက် ပြန်လာရပါလို၏လို့ ဆုတောင်း ခဲ့တာကိုး။ အခုတောင် သူငယ်ချင်းတွေက ဖုန်းဆက်ပြီး လှမ်းပြောနေတယ်။ နောက်တစ်ခေါက် ပုဂံ ထပ်သွားကြရအောင်တဲ့။ အားရင်လိုက်မယ်လို့ ပြောလိုက်တယ်။ မသွားရသေးရင်လည်း သွားဖြစ်အောင်သွားလိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။ |
posted by yamin @ 5:20 AM  |
|
|
Tuesday, June 19, 2007 |
|
ဘ၀မှာ အဆင်မပြေတဲ့ အခြေအနေတွေနဲ့ ကြုံတဲ့အခါ ကိုယ့်စိတ်ကို ခိုင်ခိုင်မာမာထားနိုင်တဲ့သူဟာ ကိုယ့်ဘ၀ကို ကိုယ့်လက်ထဲမှာ ထားနိုင်သူလို့ ပြောလို့တယ်..... ယမင်းတော့ ကြိုးစားနေတုန်းပဲ....
|
posted by yamin @ 8:43 PM  |
|
|
|
|
လပေါ်ကို သွားချင်တယ် ဘယ်လိုသွားရမလဲ စဉ်းစားနေတယ်။ လပေါ်ကနေ အားလုံးကို မြင်ြ့ည့်ချင်။ တကယ်လို့သွားမယ်ဆိုရင် လိုက်မလားဟင်..... ခေါ်တယ်နော် ပြီးမှ မခေါ်ဘူး မပြောနဲ့။ |
posted by yamin @ 8:37 PM  |
|
|
|
|

white rose - Purity, worthy, you're heavenly, hopes for the future, innocene.
အဖြူရောင် နှင်းဆီ သန့်စင်မှု၊ ထိုက်တန်မှု၊ ကြိုးပြတ်သူ၊ အနာဂတ်အတွက် မျှော်လင့်ချက်၊ အပစ်ကင်းမဲ့မှုတဲ့။
 Red Rose - I love you, strong love, passion, desire, sincere love, inner beauty, soul mates, a connection without words.
အနီရောင်နှင်းဆီရဲ့အကြောင်းလေးပေါ့ မင်းကိုချစ်တယ်၊ ပြင်းပြတဲ့အချစ်၊ ခံစားချက်၊ ရမက်၊ ရိုးသားတဲ့အချစ်၊ အရင်းခံအလှ၊ နှလုံးသားထဲက အဖော်၊ စကားလုံးတွေမလိုတဲ့ ဆက်သွယ်ချက်တဲ့
ကဲ သိပြီးလား။ အရောင်နှင်းဆီပန်းရဲ့အကြေငြ်းလေးပေါ့ကွယ်။ |
posted by yamin @ 5:49 AM  |
|
|
|
|

ဒီကလေးတော့ ဘာတွေ့လျှောက်ပြောတာလဲ။
အမှန်တရားတွေကို ပြောနေပြန်ပြီ။
|
posted by yamin @ 4:57 AM  |
|
|
Sunday, June 17, 2007 |
|

 |
posted by yamin @ 7:27 AM  |
|
|
|
|
ဟိတ် မလှုပ်နဲ့ ပစ်လိုက်မယ်နော်.... ငြိမ်ငြိမ်နေ.... မင်းတို့အားလုံးကို ၀ိုင်းထားပြီ.... လှုပ်မယ် မကြံနဲ့
ကျွန်တော်တို့ အရမ်းဆော့လို့တဲ့ ကူညီပါဦး ဟီးဟီး |
posted by yamin @ 2:25 AM  |
|
|
Saturday, June 16, 2007 |
|
 ဆူးလေဘုရားသည် ဘယ်နေရာတွင် တည်ရှိနေသနည်း။
မြန်မာနိုင်ငံမှာ ထင်ရှားသော စေတီပုထိုးများစွာ အနက်မှ ဆူးလေဘုရားလည်း တစ်ဆူ အပါအ၀င်ဖြစ်တယ်။ ရန်ကုန်မြို့ရဲ့ အလယ်ဗဟိုမှာ တည်ရှိတယ်လေ။ ဆူးလေစေတီတော်ကို မဏ္ဍိုင်ပြုပြီး အရှေ့ဘက်မှ အနောက်ဘက်သို့ မဟာဗန္ဓုလလမ်းနှင့် တောင်ဘက်မှ မြောက်ဘက်သို့ စေတီတော်ဘွဲ့အမည်ကို အစွဲပြုပြီ ခေါ်တွင်တယ်လို့ သိရတာပါပဲ။ ဆူးလေဘုရားလမ်းတဲ့ သတ်မှတ်ထားတာတဲ့။ ဆူးလေဘုရား အရှေ့မြောက်ထောင့် မှာတော့ မြို့တော်ခန်းမကို တည်ဆောက်ထားတာကို တွေ့ရတယ်။ ဘယ်လိုလဲ။ မြန်မာပြည်မှာ ဟိုတုန်းကတည်းက စိတ်ကူးကောင်းတဲ့ သူတွေ ရှိခဲ့တာဘဲနော်။ ဒါတောင် သူ့ကျွန်ဘ၀ရောက်ခဲ့ရသေးတယ်။ ပြန်စဉ်းစားကြည့်မိရင် မတွေးဝံ့စရာဘဲ။ တော်သေးတယ်။ လူဖြစ်တာ နောက်ကျလို့။ အင်း ဆက်ပြောရဦးမယ်။ အရှေ့တောင်ထောင့်မှာတော့ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားတာတွေ့ ရတယ်လေ။ ဗန္ဓုလပန်းခြံနှင့် တရားလွတ်တော်ချုပ် တို့လည်း အခု ဘားလမ်းလို့ခေါ်တဲ့ ဘက်မှာ တွေ့ရတယ်။ ဟုတ်လားဟင်။ မိတ်ဆွေကော အဲဒီနေရာ ရောက်ရင် သတိထားမိလား။ ဆူးလေဘုရားဟာ ရွေတိဂုံဘုရားကနေ ၉၂၇၅ ပေလောက် ကွာဝေးတယ်တဲ့။ ယမင်းတော့ တိုင်းမကြည့်ဘူးပါဘူး။ စာအုပ်ထဲမှာ ဖတ်ဖူးတာ။ အဲ ဗိုလ်တစ်ထောင်ဘုရားနဲ့လည်း ၅၁၀၂ ပေခန့် ကွာဝေးသေးတယ်။ မယုံရင် အချိန်ရရင် ဒါမှမဟုတ်ရင် ဆူးလေဘုရားနားရောက်ရင် ပေတိုင်း ကြည့်ပေါ့နော်။ ခန့်မှန်းတာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့နော်။ မြို့တော်ခန်းမဘေးမှာတော့ စည်ပင်ရုံးလည်းရှိသေးတယ်။ သြော် ပြောဖို့ မေ့သွားလို့ ယမင်းက ကော်ဖီကြိုက်တော့ အဲဒီနားရောက်ရင် လက်ရွေးစင်မှာ ကော်ဖီဝင်သောက်သေးတယ်။ လိုက်သောက်ပါလား။ |
posted by yamin @ 6:43 AM  |
|
|
|
|
ရန်ကုန်မြို့သည် ဘယ်နေတွင် တည်ရှိနေပါသနည်း။
ရန်ကုန်မြို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်သည်၊ မြန်မာနိုင်ငံသည် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်တယ်။ လတ္တီတွဒ် မြောက် ၁၆ံ ၄၆ နှင့် လောင်ဂျီတွဒ် အရှေ့ ၉၆ံ ၁၀ ဆုံရာမှာ တည်ရှိပါတယ်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးချောင်းတို့ဆုံရာ အရပ်မှာ ရှိပြီး။ ပင်လယ်ကူးသင်္ဘောကြီးများဟာ ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းကို ၀င်ထွက်သွားလာနိုင်ကြတယ်လေ၊ ရန်ကုန်မြို့ဟာ ပြည်တွင်းကျောထောက်နောက်ခံနယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့နဲ့ ဆက်သွယ်ရေးလည်း ကောင်းတယ်။ နောက်ပြီး မြို့ရဲ့မြောက်ဖက် ၁၁ မိုင်မှာ ခေတ်မီလေယာဉ်စခန်းရှိခြင်းကြောင့်လည်း ပိုပြီး ထင်ရှားတယ်။ စီးပွားရေးလုပ်ရာမှာလည်း တော်တော်ကို အဆင်ပြေပြီး သွားလာရေးလည်း လွယ်ကူအဆင်ပြေတယ်လေ။ ဒါကြောင့် ရန်ကုန်မြို့ကို အများက မြန်မာနိုင်ငံရဲ့ တံခါးမကြီးသဖွယ် ဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးအတွက် အချက် အခြာဌာနလည်း တစ်ခုဖြစ်တယ်လို့ ပြောကြတယ်။ မိတ်ဆွေကော ဘယ်လိုမြင်လဲ။ |
posted by yamin @ 6:37 AM  |
|
|
Friday, June 15, 2007 |
What is Life? |
မိတ်ဆွေရေ... ဘ၀ဆိုတာ ဘာလဲ။ ဘာကို ဘ၀လို့ခေါ်နေကြတာလဲ။ လူတွေက ပြောကြတယ် ဘ၀ဆိုတာ ဒီလိုပါပဲတဲ့။ ဘာကိုဆိုလိုကြတာလဲ။ အင်း စဉ်းစားကြည့်မယ်ဆိုရင် ဘနဲ့ ၀နဲ့ ပေါင်းထားတားကို ဘ၀လို့ ခေါ်တာလား။ တစ်မျိုးကြီးဘဲနော်။ ဒါဆိုရင်တော့ ကျွန်မကကော ဘယ်လိုလဲ။ ခု ဘယ်နေရာရောက်နေပြီလဲ။ စဉ်းစားဖို့လိုလာပြီပေါ့နော်။ ကျွန်မ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအားလုံးဟာ တော်တယ်လို့ ကျွန်မ ခံစားမိတယ်။ ဘာကြောင့် တော်ကြတာလဲ။ အဖြေက ရှင်းရှင်းလေးဘဲ ကြိုးစားလို့ တော်တာပေါ့ ဟုတ်ဘူးလား။ တစ်ခါတလေ ကျွန်မ စဉ်းစားမိတယ်။ ငါ နောက်ရောက်နေပြီလား။ ဘာလုပ်သင့်သလဲ။ သူတို့တော်သလို ငါကော မဖြစ်နိုင်ဘူးလား။ သူများတော်တာကို ငါ ထိုင်ကြည့်နေမယ်ဆိုရင်ရော ငါ့ဘ၀ကြီးက တိုးတက် လာမလား။ လူတိုင်းက သေမျိုးကြီးဘဲလေ။ ဒါကိုတော့ ကျွန်မ လက်ခံထားပါတယ်။ ဒါပေမဲ့ မသေခင်ကြားထဲမှာ ဘယ်လိုနေထိုင်မှာလဲ။ စဉ်းစားနေစရာတောင် မလိုတော့ဘူး ထင်တယ်။ အချိန်တွေက အကုန်မြန်လို့လေ။ လက်ရှိရောက်နေတဲ့ နေရာကနေ ရှေ့ကို ဆက်ကြိုးစားရမှာပေါ့။ ကျွန်မလေ တစ်ခါတလေကြရင် အချိန်အကုန်ခံပြီး ရူးကြောင်ကြောင် အတွေးတွေ လျှောက်တွေးနေမိတယ်လေ... |
posted by yamin @ 6:54 AM  |
|
|
|
လသာမဲ့ ညကို တမ်းတခြင်း |

လသာမဲ့ ညကို တမ်းတခြင်း
ဒီညဟာ ကျွန်မ အိပ်မပျော်တဲ့ ညတစ်ည ဒီညဟာ လမင်းအနားယူနေတဲ့ ညတစ်ည ဒါပေမဲ့ မကြာမီ လပြည့်တော့မယ် ပြတင်းပေါက်ပေါ် လရောင်က ဖြာအကျ ဟော လမင်း ထွက်လာပြီ ကျွန်မပြောပြရင် ပြေးကြည့်ပြီးမှ ယုံပါ တစ်စိတ်မဟုတ် တစ်ခြမ်းမဟုတ် ပြည့်ပြည့်၀၀ တစ်ကိုယ်တည်းလည်း မဟုတ် လမင်းတစ်ရာ သာနေသည်သာ...
ကမ္ဘာပေါ်မှာ ငြိမ်းချမ်းခြင်း ရှိစေချင်ပါတယ်။ ငြိမ်းချမ်းရေးရှိသော အရပ်မှာ လရောင်လည်း ရှိပေလိမ့်မယ်။ လရောင်ထွန်းလင်းတဲ့ အရပ်၌ လူတိုင်းနေချင်ကြမှာ အမှန်ပါ။ လရောင် အောက်မှာဆိုရင် ဘာမဆို လှပငြိမ်းချမ်းနေမှာပေါ့။ အမှောင်ထဲမှာနေရတာထက် စာရင်တော့ လရောင်အောက်မှာ အသက်ရှင်ရတာ ပိုကောင်းမယ်လို့ ထင်မိပါတယ်။ ကျွန်မသည် တစ်ခဏတာ သာသော လရဲ့အရိပ်ကို တပ်မက်မိတယ်။ လရောင်ကို မြင်ရင် ကျွန်မ ကြည်နူးတယ်၊ ပျော်ရွှင်တယ်။ မအိပ်ဘဲလည်း နေလို့ရတယ်။ လပြည့်ညဆိုအရမ်းပျော်တယ်။ မိုးကောင်းကင်ကို ခဏခဏ မော့်ကြည့်ရတာ အမောပါဘဲ။ ဟုတ်တယ်လေ။ လူတိုင်း အမှောင်ထဲမှာ ဘယ်သူမှ မနေချင်ကြဘူးလေ။ ကျွန်မ အပါအ၀င်ပေါ့။ မိတ်ဆွေတို့ကော အမှောင်နဲ့ အလင်း ဘယ်ဟာကို ပိုနှစ်သက်လဲဟင်... |
posted by yamin @ 6:15 AM  |
|
|
Tuesday, June 12, 2007 |
|
  |
posted by yamin @ 7:19 AM  |
|
|
Monday, June 11, 2007 |
|
မော်လမြိုင်ခရီးစဉ် အမှတ်တရ နေ့ရက်များ
မော်လမြိုင်ခရီးစဉ် အမှတ်တရ နေ့ရက်များ
သူငယ်ချင်းတို့ရေ.... အရမ်းသတိရတယ်။ တို့တွေ နောက်တစ်ခေါက် ပြန်သွားကြမယ်နော်.... |
posted by yamin @ 5:56 AM  |
|
|
|
|
ကြားခဲ့မြင်ခဲ့ရသော အွန်လိုင်းဆိုင်ရာ
အင်တာနက်ကို မိမိတို့ ဘ၀တစ်စိတ်တစ်ဒေသအဖြစ် ယုံကြည် လက်ခံထားသော လူတော်တော်များ တိုးပွားများပြားလာကြတယ် နော်။ ‘ဒီလိုပဲ မကြာမီက ပေကျင်းမြို့တော် မှာ အွန်လိုင်းစွဲရောဂါ ကို ကုသဖို့ ဆေးရုံတောင် ဖွင့်ပြီး ဘေးထွက် အကျိုးဆက်ရှိကြောင်း အသိအမှတ်ပြုနေတယ်ဆိုဘဲ။ တချို့ကတော့ အင်တာနက်အစွဲ စိတ်ကစင့်ကလျားရောဂါ လို့လည်း သုံးနှုန်းကြတယ်။ နောက်ပြီး ဆိုက်ဘာစွဲရောဂါ ၊ အွန်လိုင်းအစွဲရောဂါ စသဖြင့် ခေါ်ကြတယ်။ မိတ်ဆွေရေ... ကျွန်မတို့ကော ‘ဒီရောဂါ စွဲကပ်နေပြီလား။ ဒါဟာ ပြန်စဉ်းစားရမယ့်အချက်ပဲနော်။ ဂျိုနသန်ဘီးရှော့ကတော့ ဒီအင်တာနက်အစွဲကို ရောဂါလို့ သူက မသတ်မှတ်ဘူးတဲ့။ အဲ သူက ပြောသေးတယ်။ သူ့အထင်ကတော့ လူတွေဟာ အင်တာနက်ကို အစွဲအလန်းကြီးတာလို့ မထင်ဘူးတဲ့။ အင်တာနက်က ပေးတဲ့ လူမူရေး အတွေ့အကြုံတွေကိုသာ စွဲလန်းတာပါတဲ့။ ‘ဒါလည်း ဟုတ်သလိုဘဲနော်။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့လည်း ဒီဘလော့ဂ်ဆိုတဲ့ အရာကြီးကို နှစ်သက်လာလို့ပါဘဲ။ ဘာပဲဖြစ်ဖြစ်လေ မိတ်ဆွေဘဲ စဉ်းစားကြည့် လူတစ်ဦးမှာ မိတ်ဆွေအပေါင်းအသင်းတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီအပေါင်းအသင်းက ကိုယ်လိုအပ်တဲ့အချိန်မှာ သူဟာ ကိုယ့်ကို အဖော်လုပ်ပေးနိုင်သလား။ အမြဲတမ်းနော်။ ဘယ်သူ့မှ လုပ်မပေး နိုင်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ စိတ်အပန်းဖြေစရာကို ရှာကြတော့တာပေါ့။ ဒါပေမဲ့ ရှာတတ်ဖို့တော့ လိုတာပေါ့။ ကျွန်မတွေ့ရှိခဲ့တဲ့ အင်တာနက်ဆိုင်တစ်ဆိုင်မှာ သူတို့ရဲ့ ဆောင်ပုဒ်တစ်ခု ချိတ်ထားတာတွေ့ရပါတယ်။ ဘာလဲဆိုတော့ ပညာကိုသာ စွဲလမ်းပါ။ အင်တာနက်ကို မစွဲလမ်းမိပါစေနဲ့ တဲ့ ကောင်းလိုက်တဲ့ စာသားလေးနော်။ ကျွန်မတော့ သဘောကျ တယ်။ ဘာလို့လဲဆိုတော့ သူ့နေရာနဲ့ သူ အထိန်းအကွပ်တော့ ရှိရမှာပေါ့။ တချို့ကျတော့ အမြင်ကျဉ်းတာလား။ ဒါမှမဟုတ် သူတို့မြင်တွေ့ရတဲ့ ၀န်းကျင်ကိုဘဲ ကြည့်ပြီး အားလုံးကို သိမ်းကျုံးပြောသလားတော့ မသိဘူးနော်။ အင်တာနက် သုံးတဲ့သူတိုင်းဟာ ဘဲ ၀င်နေကြတယ်လို့ နေရာတော်တော် များများမှာ သတင်းထွက်လာတယ်။ မိတ်ဆွေကော ဘယ်လိုမြင်လည်းဟင်... မိတ်ဆွေရဲ့အမြင်ကိုလည်း ဆီဗုံးမှာ သုံးသပ်ပေးခဲ့ပါနော်။ ကျွန်မရဲ့အမြင်ကို ပြောပြတာပါ။ |
posted by yamin @ 5:28 AM  |
|
|
Sunday, June 10, 2007 |
|

ဒီပုံလေးကတော့ ကျိုက္ခမီရေလယ်ဘုရားပုံ ဖြစ်ပါတယ်ရှင်။ ဒီဘုရားဟာ ဆိုရင် မော်လမြိုင်မြို့ရဲ့ အထင်ကရဘုရား ဖြစ်ပါတယ်ရှင်။ ဒီဘုရားကို ယမင်းသွားရောက်ဖူးမျှော်ခဲ့တဲ့ အချိန်တုန်းက အရမ်းကံကောင်းခဲ့တယ်။ ဟော ပြောပြန်ပြီ ကံကောင်းတာကြီးလို့ ထင်မှာပဲနော်။ ဟုတ်ပါတယ် ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ချောင်းသာကမ်းခြေမှာ ဆူနာမီဆိုတဲ့ မုန်တိုင်းကြီး ၀င်မွှေသွားတဲ့အချိန်ပေါ့။ အိမ်ကတော့ စိတ်ပူကြတယ်လေ။ ဟဲဟဲ ယမင်းကတော့ စက်စဲမှာ အပျော်ကြူးနေတယ်။ အိမ်ကိုတောင် သတိမရဘူး။ သူငယ်ချင်းတွေနဲ့ သွားတာဆိုတော့ ပျော်တာပေါ့.... မော်လမြိုင် သွားခဲ့ရင်တော့ ရေလယ်ဘုရားကို ရောက်အောင်သွားခဲ့နော်။ ဟဲဟဲ ယမင်းပုံကတော့ ဖြုတ်ထားပါတယ်။ တွေ့ရင် သရဲမကြောက်မှာ စိုးလို့ပါနော်။ စိတ်မရှိပါနဲ့။
|
posted by yamin @ 6:02 AM  |
|
|
|
|

ကျိုက်မရောမြို့ဘုရား ဖြစ်ပါတယ်။ မြန်မာပြည်မှာ ထိုင်ဘုရားတစ်ဆူပဲ ရှိတယ်လို့ ကြားဖူးပါတယ်။ ဒါဟာ ဘာဘုရားလဲဆိုတော့ ကျိုက်မရောဘုရားဖြစ်ပါတယ်။ ဒီဘုရားပုံတော်ဟာ ဂေါတမမြတ်စွာဘုရားက ရာဟုလာ အမွေတောင်းတုန်းက ပုံစံဖြစ်ပါတယ်။ ယမင်းလည်း သိတော့ သိတယ် မရှင်းတတ်ဘူး။ ကျိုက်မရောဘုရားဟာ ဆုတောင်းပြည့်တယ်တဲ့။ ကျိုက်မရောဘုရားဟာ ဆုတောင်းပြည့်ဘုရားတစ်ဆူ ဖြစ်ပါတယ်ရှင်။ မော်လမြိုင်ကို ရောက်ခဲ့ရင် ဖူးဖြစ်အောင် ဖူုးလိုက်ပါနော်။ ယမင်းပုံကတော့ ၀ါးနေပါတယ်ရှင်။
|
posted by yamin @ 5:44 AM  |
|
|
|
|
မနေ့က ယမင်း အိမ်ပြန်ရောက်တော့ ကျောင်းနေဖက်သူငယ်ချင်း လာသွားတယ်တဲ့။ ပြီးတော့ ၂၄ ရက်နေ့ကို ဘယ်မှမသွားပါနဲ့တဲ့။ အဲဒါနဲ့ ဘာလုပ်မလို့လဲ၊ ဘာမှာသွားလဲလို့မေးတော့ ဘာမှမပြောသွားဘူးတဲ့။ အချိန်ပိုအလုပ်တွေလည်း ရှိရင် ဖျက်လိုက်ပါတယ်။ ဟာ ဘာမှလည်း မပြောသွားဘဲနဲ့။ ပြီးတော့ ပြောသွားသေးတယ်တဲ့။ လိုက်ဖမ်းရတာ မလွယ်ဘူး။ ‘ဒါကြောင့် ကြိုပြီးလာပြောတာလို့လည်း ပြောသေးတယ်။ အင်း ဟုတ်တော့လည်း ဟုတ်ပါတယ်။ အိမ်မှာ နေချိန်က အရင်ထဲက နည်းတာလေ။ ခုဆို ပိုဆိုးတာပေါ့။ အိမ်ကို ပြန်ရောက်တဲ့အချိန်က အိပ်ချိန်ဘဲ ရှိတော့တယ်။ ‘ဒါတောင် မကောင်းတတ်လို့ ဟိဟိ။ လမ်းထဲက လူတွေကလည်း မေးကြတယ်။ ဘယ်သွားနေတာလဲတဲ့။ ‘အိမ်ကလည်း ပြောပါတယ်။ သူက ဒီလိုသွားနေရမှ နေကောင်းတာတဲ့။ အိမ်မှာဆို နေမကောင်းသလိုလို ခေါင်းမူးနေသလိုလိုနဲ့တဲ့။ ပြီးတော့ နားငြီးသေးတယ်တဲ့။ ဟဲဟဲ အိမ်မှာနေတဲ့နေ့ဆို ပတ်ဝန်းကျင်ကို သောတအာရုံခံစားရအောင် လည်းလုပ်ပေးရသေးတယ်လို့ပြောလိုက်တယ်။ မေမေတို့က ပြောတယ်။ အိမ်မှာ အမြဲနေရင် ကြာရင် တိုက်ဆောက်ရမယ်တဲ့။ ဘာမှလည်း ဟုတ်တိပတ်တိ မရဘဲနဲ့။ သီချင်းတွေကို အော်အော်ဆိုနေလို့တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ယမင်းက စာသားတာ မရတာ သီချင်းကို ယောက်ျားလေးသီချင်းမှ ကြိုက်တာ။ ပြီးတော့ ဆိုလိုက်လဲ ကီးမလိုက်နိုင်တဲ့ သီချင်းတွေကို ဆိုတာဆိုတော့ သူတို့လည်း တော်တော်ကို စိတ်ဆင်းရဲမှာဘဲ။ အဲဒီအချိန်ကြရင် အိမ်နားပတ်ဝန်းကျင်က ဘာပြောလဲဆို လှမ်းမေးတယ်။ ဒီနေ့ဘယ်မှမသွားဘူးလားတဲ့။ တော်တော်ကို အိမ်မှာနေစေချင်တဲ့ပုံဘဲနော်။ ဒါပေမဲ့ ဒီလို အချိန်က တော်တော်ကို ရှားပါတယ်။ တစ်လမှ တစ်ရက်တောင် မရှိဘူးလေ။ ခုဆို မေတို့၊ ဖေတို့က ပြောတယ်။ အဆောင်ငှားပြီး သွားနေတော့တဲ့။ အဲဒီတော့ ကျွန်မက ပြောလိုက်တာပေါ့။ တကယ်လားဆိုတော့ မေမေက သြော် မသွားချင်ရှာဘူး။ ဟုတ်လည်း ဟုတ်ပါတယ်။ ပတ်ဝန်းကျင်က မပြောနဲ့ အိမ်သားတွေနဲ့တောင် မိုးလင်းမိုးချုပ် မတွေ့ရဘူးလေ။ မျက်စိနှစ်လုံးပွင့်လာတာနဲ့ အားလုံးက အိပ်တုန်းလေ ကျွန်မက ထွက်လာပြီ။ ဟော အိမ်ပြန်တော့လည်း အားလုံးက အိပ်နေပြီ။ အဲဒီအချိန်ကျမှ ကျွန်မက ပြန်ရောက်တာဆိုတော့ ဘယ်တွေ့ရမှာလဲ။ ဒီကြားထဲ ကျွန်မက ဆိုးတယ်လေ။ မေတို့က ထမင်းစားမစောင့်ရင် စိတ်က ကောက်သေးတယ်။ အမြဲတမ်း မေတို့၊ ဖေတို့က ထမင်းစား စောင့်တယ်လေ။ မောင်လေးတွေကောပေါ့။ သူတို့က လိမ်မာတယ်။ ကျွန်မပြောစကားဆို နားထောင်ကြတယ်။ ကျွန်မကသာ ဆိုးတာ။ ဒီကြားထဲမှာ အလုပ်က နယ်ကိုသွားခိုင်းရင် နီးရင်တော့ နေ့ချင်းပြန်သွားရသေးတယ်။ ပင်ပန်းတော့ ပင်ပန်းတယ်။ ဒါပေမဲ့ ကျွန်မက ပျော်တယ်။ ကျွန်မရဲ့ ဇာတာကိုက သွားနေရမှ ကျန်းမာတာလား မသိဘူး။ ဒါတောင် ဟိုတစ်လောက နည်းနည်းအအေးပတ်သွားသေးတယ်။ ရန်ကုန်မိုးက အစိုးမရဘူးလေ။ လူတွေက လည်း တဖြည်းဖြည်းနဲ့ ကိုယ်ချင်းစာတရားနည်းလာလို့လား မသိဘူး။ ရာသီဥတုကတောင် ဖောက်ပြန်လာပြီ။ အမှန်တော့ လူတွေက ခဏတာတွေ့ဆုံကြတာလေ။ တွေ့တဲ့အခိုက်မှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုနဲ့ ဆက်ဆံစေချင်တယ်။ အားလုံးက ခရီးသွားတွေဘဲလေ။ ဟုတ်ဘူးလား။ ကားစီးသလိုပေါ့။ ကိုယ်ဆင်းချင်တဲ့နေရာရောက်ရင် ဆင်းရမှာပဲ။ ဒီတော့ ခဏတာအတွင်းမှာ စိတ်ချမ်းသာစွာနဲ့ နေထိုင်ကြမယ်ဆိုရင် ပိုပြီး ဘ၀ဟာ နေပျော်ဖို့ ကောင်းပါတယ်။ ဘယ်သူမဆို လူတိုင်းလူတိုင်းမှာ ‘ဒုက္ခဆိုတာနဲ့ မကင်းကြပါဘူး။ ကိုယ်တစ်ယောက်ထဲ စိတ်ညစ်တာ စိတ်ပျော်တာဆိုတာ မရှိဘူးလေ။ ဒီတော့ စိတ်ညစ်လိုက်တာ လို့ ညည်းနေမဲ့အစား ပျော်ရွှင်မဲ့အကြောင်းအရာကိုပဲ တွေးယူရတော့မှာပေါ့နော်။ |
posted by yamin @ 5:41 AM  |
|
|
Saturday, June 09, 2007 |
|

ငြမ်လျှင်မြင်ခြင်း ရင်တွင်မှာငြိ တွယ်မိမေတ္တာ စေတနာက လိုရာကိုသုံး စဉ်မြဲပြုံးလို့နေမယ်ကွယ်......
ဒီပုလေးက အရမ်းအေးချမ်းတယ်နော်။ စိတ်ကိုလည်း ကြည်နူးစေတယ်။ ပြီးတော့ စိတ်ကိုလည်း လန်းဆန်းတက်ကြွစေတယ်လေ။ ယမင်းက အဲဒီလို တောတောင်တွေကို အရမ်းသဘောကျတယ်။
|
posted by yamin @ 6:49 AM  |
|
|
|
|

ကလေးရေ... နေကောင်းသွားပါပြီ။ စိတ်မပူပါနဲ့နော်။ ကလေးရဲ့ ပုံလေးလားဟင် ကလေးက အရမ်းချစ်ဖို့ကောင်းပါတယ်နော်။ သတိရရင် စာပို့ဦးနော်။ ဒီနေ့တော့ ကိုယ်တွေပူပြီး ဖျားချင်နေတယ် ကလေးရေ....
|
posted by yamin @ 5:54 AM  |
|
|
|
|
ဒီနေ့မနက် မြို့ထဲမှာ မိုးအရမ်းရွာလိုက်တာ။ သဲသဲမဲမဲ ဘဲ ဘာအငြိုးနဲ့ ရွာလည်း မသိဘူး။ ဒါပေမဲ့ အပြင်ကတော့ သွားနေရတာပဲ။ မိုးကတော့ ရွာမှာပေါ့။ မိုးတွင်းစလာပြီလေ။ သြော်... ရာသီဥတုက သူ့အလိုလို ဖန်တီးထားတာပဲ။ ဆန့်ကျင်လို့မှ မရတာနော်။ ဆန့်ကျင်ချင်ရင် မိုးရွာရင် ထီးဆောင်းပေါ့။ ဒါပဲရှိတာဘဲ။ အဲဒါနဲ့ ပန်းဆိုးတန်းအောက်ဘက်က လောကနတ် ပန်းချီပြခန်းကို ရောက်သွားခဲ့တယ်လေ။ စာအုပ်တွေကို ဈေးနှုန်း ချိုသာစွာနဲ့ ရောင်းနေတာဆိုတော့လည်း သွားကြည့်ရတာပေါ့။ ဟုတ်ဘူးလား။ မျက်စိနဲ့ကြည့်ရတာ ပိုက်ဆံမကုန်ဘူးလေ။ အဲဒါနဲ့ ၀ယ်ချင်စရာတွေကြီးပဲတွေ့တယ်။ အင်း လိုချင်တိုင်းသာ ၀ယ်ရရင် အိမ်မှာ ထားစရာရှိမှာကို မဟုတ်ဘူး။ ပိုက်ဆံလည်း မလိုက်နိုင်ဘူးလေ။ ဒီတော့ ကိုယ် လိုချင်တဲ့စာအုပ် ပြီးတော့ ကိုယ့်အတွက် အသုံးဝင်မဲ့စာအုပ်ကိုဘဲ ၀ယ်ခဲ့ရတယ်။ အချိန်ရရင် စာအုပ်တွေကို ထိုင်ဖတ်ချင်လိုက်တာ။ ကျွန်မက အိမ်မှာ ကိုယ်ပိုင်စာကြည့်တိုက်လေး လုပ်ထားတယ်။ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းနဲ့ အငြိမ်းစားယူပြီး အလုပ်အားတဲ့ သူတွေအတွက်ပေါ့။ သူတို့က လာငှားကြပါတယ်။ အလကားငှားတာလေ။ ကိုယ့်အတွက် ပညာဖြန့်ဝေတာပေါ့။ တချို့ကျတော့လည်း မ၀ယ်နိုင်လို့။ တချို့ကျတော့လည်း မ၀ယ်အားလို့။ ဒါပေမဲ့ လူတွေက မကောင်းဘူး။ သူများစာအုပ်တွေကို ငှားပြီးရင် ပြန်ပေးရမှာပေါ့။ လိုက်တောင်းတော့ ဘယ်ကောင်းမလဲ။ ကျွန်မက အရမ်းအားနာတတ်တော့ အဲဒီမှာ စတွေတာဘဲ။ တချို့ကျတော့ သွားတောင်းတော့ ပျောက်သွားလို့တဲ့။ ဘယ်မှာထားလိုက်မိမှန်း မသိဘူးတဲ့။ လွယ်လွယ်ပြောတတ်ကြတယ်နော်။ ဒါဟာ အလကားရလို့ တန်ဖိုးမထားကြတားလို့ စဉ်းစားမိတယ်။ ကိုယ်ကတော့ စေတနာနဲ့ပါ ကိုယ်လည်း ဖတ်တော့ သူများလည်း ဖတ်ပေါ့ ဆိုပြီး လုပ်ပေးထားတာ။ အိမ်မှာဆို ယမင်းစာအုပ်ကို ဘယ်သူမှ မကိုင်ရဲဘူး။ မေမေကဆို ပြောသေးတယ်။ သူ့စာအုပ်နဲ့ ပတ်သက်လာရင် မိဘလည်း မချန်ဘူးတဲံ့။ သွားမကိုင်နဲ့တဲ့။ မဟုတ်ပါဘူး။ ဖတ်ချင်တယ်ဆို ယူဖတ်ပါ။ ဒါပေမဲ့ စည်းကမ်းတော့ ရှိကြပေါ့။ စည်းကမ်းဆိုတာ လူရဲ့တန်ဖိုးလေ ဒါက ယမင်းခံယူထားတာပါ။ စိတ်ညစ်သွားပြီလား မသိဘူး။ ဘာတွေရေးမှန်းလည်း မသိဘူး။ ထင်မှာပဲနော်။ သူများလို ပညာမဖြန့်ဝေနိုင်တော့ ဒီလိုပေါ့။ |
posted by yamin @ 5:38 AM  |
|
|
|
|
သဲတစ်ပွင့်ထဲမှာ ကမ္ဘာကြီးကိုရှာကြည့် ပန်းရိုင်းတစ်ပွင့်ထဲမှာ ကောင်းကင်ကြီးကိုထည့်ကြည့် အဆုံးမရှိခရီးကို လက်ဖ၀ါးပေါ်တင်ရင်း.....
ဝီလျံဘလိတ် (အင်္ဂလိပ်ကဗျာဆရာနှင့် ပန်းချီဆရာ)
ကောင်းတယ်နော် ဒီကဗျာလေးကိုကြိုက်လားဟင်....
|
posted by yamin @ 4:55 AM  |
|
|
Thursday, June 07, 2007 |
|
ပညာရှိများသည် မသိခြင်းကို မသိမှန်း သိရှိကြသော်လည်း ပညာဥာဏ်ကင်းမဲ့သူများကမူ သူတို့ မသိတာ မရှိဟု ထင်တတ်ကြ၏။
The wise men know well that he does not know, the ignoranl man thinks he know.
|
posted by yamin @ 6:05 AM  |
|
|
|
|
အချစ်မဲ့ အမုန်းမဲ့သော
လူတစ်ယောက်ကို ချစ်နေရရင် လောဘတွေနဲ့ ပူလောင်ရသလို မုန်းနေရင်လည်း ဒေါသတွေက ပူလောင်စေတယ်..... ဆုတောင်းတိုင်သာ ပြည့်မယ်ဆိုရင် ငါလေ..... ဖြစ်တည်ရသမျှ ဘ၀တိုင်းမှာ အချစ်မဲ့ အမုန်းမဲ့သော သူသာ ဖြစ်ရပါစေသား......။ (ခုဘ၀ မဟုတ်ဘူးနော် ဟီးဟီး) |
posted by yamin @ 5:57 AM  |
|
|
Tuesday, June 05, 2007 |
|
တွေ့ဆုံခွင့်
တွေ့ခွင့်မကြုံ ဆုံခွင့်မရ ဘ၀ခြင်းတွေ ဘယ်လိုပင် ခြားစေတော့ သူရှိနေသည့် အသိလေးနဲ့သာ ရင်မှာမျှော်လင့် တောင့်တနေပမေဲ့ အရက်ကလည်း နေတတ်ခဲ့သည်မို့ နောင်လည်း နေတတ်နေဦးမှာပါကွယ်.......
|
posted by yamin @ 6:59 AM  |
|
|
Monday, June 04, 2007 |
|
မိသားစုအတွက်၊ နေ့ရက်ချိန်ကုန် မအားနိုင်ဘဲ၊ ငါရဲ့ဖြစ်ပုံ ရှေးဘ၀က၊ ပြုကြဖုံဖုံ ခုတိုင်လဲ၊ အားရက်ဘယ်မကြုံ အားလပ်ချိန်လေး၊ ဆိုက်ဘာပြေး ဘလော့ဂ်လုပ်ဖို့၊ မနှေး...... |
posted by yamin @ 9:15 PM  |
|
|
|
|
ယမင်းလေ..... ဘ၀မှာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်တယ်။ သူတစ်ပါး နှာခေါင်းပေါက်နဲ့ အသက်မရှူချင်ဘူး။ အသက်ရှူရမှာကိုလည်း အမုန်းဆုံးပဲ။ ကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းမှာ စမ်းရေကြည်တစ်ပေါက်တိုက်မယ့်ငု တွေ့ခဲ့ရင် ယမင်းရဲ့ ကုသိုလ်ကံပါပဲ။ အရိပ်မဲ့ နေပူလမ်းမှာ ထီးကမ်းပေးတဲ့သူရှိခဲ့ရင်ဆိုတဲ့ အတွေး မတွေးခဲ့မိပါဘူး။ ဒါပေမဲ့ ဒါတွေကို မျှော်လင့်အားကိုးပြီး ခရီးသွားမယ့်သူတော့ မဟုတ်ပါဘူး။ ကိုယ့်ခရီးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အညံ့မခံ ရှေးခရီးကို ချိတက်သွားရမယ်ဆိုတာ ယုံကြည်နေမိပါတယ်။ လောကမှာ ကိုယ်ဖြစ်ချင်တိုင်းလည်း ဖြစ်လာချင်မှ ဖြစ်လာတတ်သလို မဖြစ်ချင်တဲ့အရာတွေလည်း ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိဖြစ်နေတဲ့၊ ကိုယ်ရောက်နေတဲ့နေရာကနေ ရှေ့ကို ကောင်းသထက်ကောင်းအောင် ဆက်လျှောက်ရမှာပါဘဲ။ ယမင်းရဲ့ဘ၀က အမှန်ပြောရရင် ကြမ်းတမ်းတယ်လို့ ခေါ်ရမလား ဒါမှမဟုတ် နည်းနည်းခက်ခဲတယ်လို့ ဆိုရမလား.... ၁၀ တန်းအောင်ပြီးကတည်းက ကိုယ်လမ်းကိုယ်လျှောက်ခဲ့ရတယ်... ရပ်တည်မှု ကတော့ မိဘရဲ့ အရိပ်အာဝါသပါဘဲ။ မိဘနဲ့ နေရတာဟာ ယမင်းရဲ့ဘ၀မှာ ကံကောင်းခြင်းရဲ့ လက်ဆောင်တစ်ခုပေါ့။ ဒီလို လက်ဆောင်မျိုးဟာ ဘာနဲ့မှ မလဲနိုင်ဘူး။ ပြီးတော့ မိသားစုဆိုတဲ့ အရာ ယမင်းရဲ့ဘ၀မှာ ကံကောင်းခြင်းတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်။ ဒါဟာ ဘာကြောင့်လည်းလို့ သုံးသပ်ကြည့်တော့ ဘုရား၊ တံရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုတဲ့ ရတနာ ငါးပါဒကြောင့်ပဲ။ ဒီတော့ မိတ်ဆွေတို့ကို မှာချင်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိအခြေအနေတွေကို ဒီထက် တိုးတက်အောင်မြင်အောင် လုပ်ကြပါ။ ပြီးတော့ ရတနာငါးပါးကို ဘယ်တော့မှ မမေ့ပါနဲ့။ အမြဲကျင့်ကြံ အားထုတ်ကြစေချင်ပါတယ်။ နောင်အချိန်ရရင်လည်း ယမင်းရဲ့ ကံကောင်းခြင်းတွေဟာ ဘာတွေလည်း ဆိုတာ ပြောပြချင်ပါတယ်။ သိချင်တယ်ဆိုရင်ပေါ့လေ.......... |
posted by yamin @ 5:50 AM  |
|
|
Sunday, June 03, 2007 |
ငါ၏ကိုယ် |
ငါ၏ကိုယ်
နေ့ကို ရက်စား၊ ရက်အား လမျို လကို နှစ်စွဲ၊ အမြဲပျက်ပျို ခနာဆွေးမြေ့၊ တရွေ့ရွေ့အို သေရခြင်း၊ မကင်း ငါ၏ကိုယ်
|
posted by yamin @ 6:52 AM  |
|
|
Saturday, June 02, 2007 |
|
 ယုန်ကလေးတွေက ချစ်ဖို့ကောင်းပါတယ်။ သူတို့လေးတွေက ဖြူစင်တယ်လေနော်။ မလည်း ယုန်လေးတွေကို ချစ်ပါတယ်။ ဖြူစင်မှုဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ |
posted by yamin @ 7:44 PM  |
|
|
|
 |
|
|