??????????? welcome to goldmyanmar
?????????? ?????????????????????????????? ????????????????????????
Wednesday, May 30, 2007
posted by yamin @ 5:06 AM
ယမင်းပုံလေ ဟဲဟဲ ဘယ်လိုလဲ။
posted by yamin @ 4:15 AM
" လောကမှာ ဖတ်ဖို့အလိုအပ်ဆုံး ဖတ်ဖို့အရေးကြီးဆုံး ဖတ်စာအုပ်နှစ်အုပ် ရှိတယ် ၊ တစ်အုပ်က 'မိမိကိုယ်' ဆိုတဲ့စာအုပ် ၊ နောက်တစ်အုပ်က 'မိမိပတ်ဝန်းကျင်' ဆိုတဲ့စာအုပ် ၊ အဲဒီစာအုပ်နှစ်အုပ်ကို သေသေချာချာဖတ်ပြီး အကြောင်းအကျိုး ဆက်စပ်တွေးမယ်ဆိုရင် လောကမှာ အောင်မြင်နိုင်တယ် ၊ မြတ်စွာဘုရားဆိုရင် မိမိကိုယ်ကို အဖတ်ကောင်းလို့ ဘုရားအဖြစ်ကိုရခဲ့တာပဲ" အရှင်ဆန္ဒာဓ
posted by yamin @ 12:19 AM
Tuesday, May 29, 2007
တစ်နေ့တာအလုပ်များပါရှင့်
ယမင်းအခုဆို မနက်ပိုင်းကို သင်တန်းတက်နေရပါတယ်။ ၇ နာရီမှ ၉ နာရီဆိုပေမဲ့ သင်တန်းက ဆရာမက အစောကြီးစတယ်လေ။ ၆ နာရီခွဲဆို စသင်ပြီ။ သင်တန်းပြီးတော့ အလုပ်သွားတယ်လေ။ အလုပ်က ၉ နာရီကနေ ညနေ ၄ နာရီဆိုပေမဲ့လည်း ဟဲဟဲ ၉ နာရီကို ဘယ်တော့မှ မရောက်ဖူးလေ ဟီးဟီး။ အမြဲနောက်ကျတယ်။ အဲ အလုပ်ဆင်းချိန်ကျတော့ ၄ နာရီဆိုရင် ပြန်ပြီလေ။ ယမင်းက အလုက်ကို ဒီလောက် ကြိုးစားတာနော်။ သိတယ် မဟုတ်လား။ အဲ ရုံးပြန်ချိန်မှာ ဘယ်သွားရလည်းဆိုတော့ အချိန်ပိုင်းအလုပ်ရှိတဲ့နေရာကို သွားရတယ်လေ။ ဒါနဲ့ အိမ်ကို ပြန်ရောက်တော့ အရမ်းမိုးချုပ်နေပြီလေ။ ဒါနဲ့ အိမ်ရောက်တော့ ရေမိုးချိုးပြီးတော့ ထမင်းစား အိပ်ကလည်း အိပ်ချင်နေပြီလေ။ ဒါပေမဲ့ စာသင်ရမှာဆိုတော့ စာက ပြန်ကြည့်ရဦးမှာလေ။ ဒါနဲ့ အိပ်ငိုက်ရင်းနဲ့ စာကြည့်ရသေးတယ်။ ပြီးတော့ ယမင်းက အင်တာနက်ကနေ အချိန်ပိုင်း အလုပ်တွေလျှောက်ထားသေးတယ်လေ။ အဲဒါတွေကလည်း ခေါ်တော့ မလုပ်နိုင်တော့ဘူး။ ဒီတော့ လုပ်ချင်တဲ့သူတွေနဲ့ ဆက်သွယ်ပေးလိုက်တယ်။ ဒါမှ မြန်မာပြည်မှာ အလုပ်မရတဲ့သူ မရှိတော့မှာလေ။ ယမင်းကတော့ အမြဲအလုပ်လုပ်ချင်တယ်။ အားနေရတာကို မလိုချင်ဘူး။ အချိန်တွေကုန်တာ မြန်လိုက်တာနော်
posted by yamin @ 11:12 PM
ဝေးနေ နီးနေ မောင်နှမများ ကို သတိရလို့ပါနော်။ အားလုံးကျန်းမာချမ်းသာစွာနဲ့ ရှိကြပါစေ
posted by yamin @ 10:34 PM
ကံကောင်းခြင်း ကံဆိုးခြင်းကို ဘယ်သူကမှ လာရောက် ဖန်တီးပေးခြင်း မဟုတ်ပါ။ ကိုယ့်ကံကိုယ်သာလျှင် ဖန်တီးနေကြခြင်းဖြစ်သည်။ ကံတရား ဆိုသည်မှာ မိမိတို့စိတ်ရင်းထဲမှ ဖြစ်ပေါ်လာသည့် စေတနာပင်ဖြစ်သည်။ စေတနာ ကောင်းလျှင် ကံကောင်းမည်။ စေတနာဆိုးလျှင် ကံဆိုးမည်။ စေတနာဖြောင့် လျှင် ကံဖြောင့်မည်။ စေတနာကောက်လျှင် ကံကောက်မည်။ တောင်တန်းဆရာတော် ဦးဥတ္တမသာရ
posted by yamin @ 10:04 PM
Monday, May 28, 2007
ဒီနေ့တော့ သင်တန်းလည်း မတက်ရဘူး။ ပျော်လိုက်တာ။ မနက်က မေမေက အစောကြီး လာနိုးတော့ မရှိဘူးလို့ပြောလိုက်ပြီး ဆက်အိပ်လိုက်တယ်။ ဒါဆိုလည်း မေမေက အလုပ်သွားဖို့ လုပ်လေတဲ့။ မေမေကို ဟာ ဒီမှာ ခုမှ အိပ်ကောင်းတုန်းလို့ပြောပြီး ဆက်မှေးတယ်။ ပြီးမှ ထပြီး ရုံးသွားဖို့ ပြင်ရတယ်။ အင်း တစ်ခါတလေ ဘာမှ မလုပ်ဘဲ လျှောက်သွားရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ အရင်တုန်းကဆို စိတ်ညစ်ရင် လျှောက်သွားတယ်။ ခုတော့ စိတ်ညစ်ရင် လျှောက်မသွားတော့ဘူး။ အွန်လိုင်းပေါ်ဘဲ ရောက်နေတော့တယ်လေ။ ဟာ ပြန်တော့မယ်။ အရမ်းနောက်ကျနေပြီ။ ဖေဖေ လာကြိုနေပြီလား မသိဘူး။ တာတာ့။
posted by yamin @ 6:55 AM
ဒီနေ့ နည်းနည်းအအေးပတ်သွားလို့ ထင်တယ်။ နေမကောင်းချင်ဘူး ဖြစ်နေတယ်။ အိမ်ပြန် ခွေရင် ဖျားမှာဆိုးလိုလေ။ ပြီးတော့ စာသင်ရဦးမှာဆိုတော့ အင်း ယမင်းလေ စိတ်ညစ်ရင် အမြဲဖတ်တဲ့ ကဗျာလေးရှိတယ်။ အဲဒီ ကဗျာလေးကို ပြောပြမယ်နော်။ ပန်းပန်လျက်ပဲ ညိုပြာပြာ၊ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်။ လှိုင်းသက်ရာဆင်း ဆင်းရလဲ မသက်သာ အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ ပေါ်ပြန်လဲ မသက်သာ ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တပင်ထဲ အယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ ဆရာဇော်ဂျီ၊ တက္ကသိုလ် မိုးဝေမဂ္ဂဇင်း၊ ၁၉၆၀ ပြည့်နှစ်
အဲဒီ ကဗျာလေးက စိတ်ကို အားရှိစေတယ်လေနော်။ The Senior Great Poet Zaw Gyi's First Class Verse Hyacinth Way At the mudflat's margin of murky blue The hyacinth moves up with the waves and with the waves deseends. De scent is not without travial. A coconut frond comes floating with the tide. Descent and drift. The coconut frond hits the hyacinth girl in the side. Though bit inthe side she finds no rest. In a moment a wave has smoothered her. She goes under and does not rise, Then a wave suges and the hyacinth girl comes up about a yard away Coming up does not bring respite Ducks emerge from a brach of the creek. A hundred ducks and a lone hyacinth Sge is jostled and kicked but holds her lips tight and keeps wearing her flower.
I like poem.
posted by yamin @ 6:33 AM
How Life!!!!!!!!
If you love life, life will to love you back.ိဘ၀ကို သင်က ချစ်တယ်ဆိုရင် ဘ၀ကလည်း သင့်ကို ပြန်ချစ်ပါလိမ့်မယ်။ The best mirror is an old friend. အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။
posted by yamin @ 4:24 AM
Sunday, May 27, 2007
ဒီနေ့တော့ ဘာညာတို့နဲ့ တွေ့တော့ သူတို့က အကူအညီ တောင်းတယ်လေ။ သူတို့ရဲ့ တပည့်ကို စာနည်းနည်း သင်ပေးပါတဲ့။ အဲဒါမှ ဒုက္ခဘဲ။ သင်ပေးလို့ အဆင်ပြေပါ့မလားမသိ။ ရပါတယ်ပေါ့။ သိတာကို သင်ပေးမယ်လို့ ပြောလိုက်တယ်လေ။ ယမင်းလည်း အခြေခံလောက်တော့ သိပါသေးတယ်ဟိဟိ။ ဒါနဲ့ သူတို့တပည့်ကို စာသင်ပြီး စာနည်းနည်းမေးလိုက်တယ်။ ယမင်းက စာမေးရတာ ၀ါသနာပါတယ်လေ။ ပြီးတော့ ဒီနေ့ အချိန်ပိုအလုပ်ဆင်း ရတယ်။ ဒီနေ့ စာလည်း သွားမသင်ရတော့ သူငယ်ချင်းလိုလည်း ခင်တယ်။ ညီမလေးတွေလိုလည်းခင်ရတဲ့ သူတွေဆီ သွားလည်မယ်လို့ စဉ်းစားမိပြီးရောက်လာတာ။ သူတို့ဆီကလည်း ကိုယ် မသိတဲ့အကြောင်းအရာတွေ သိရတယ်လေ။ ဒါကြောင့် သူတို့ကိုရော ပြီးတော့ ယမင်းကို အမြဲအားပေးကြတဲ့ သူတွေအားလုံးကိုရော၊ နောက်ပြီး ခဏပဲ အလည်လာတဲ့ သူတွေရောဟိဟိ။ လမ်းမှားပြီးရောက်လာတဲ့သူတွေကိုရော ယမင်း ကျေးဇူးအများကြီးတင်မိပါတယ်။ တကယ်ပြောတာပါ။ ပြီးတော့ အားလုံးရဲ့ အကြံပြုချက်တွေကိုလည်း ယမင်းလိုချင်ပါတယ်။ လမ်းပြပေးကြပါနော်။ လမ်းပြပေးပါဆိုလို့ လမ်းမှားနေတယ်လို့ မထင်လိုက်ကြနဲ့နော်။ လမ်းဆုံးကို မရောက်သေးတာပါ။ လမ်းဆုံးထိ ဆက်လျှောက်ချင်ပါတယ်။ ပြီးတော့ သတင်းကောင်းတစ်ခု ပေးချင်ပါတယ်။ ဘာလဲဆိုတော့ စာဖတ်ဝါသနာပါတဲ့သူတွေ အတွက်ပါ။ ယမင်းလည်း စာဖတ်တာ အရမ်း ၀ါသနာပါတယ်လေ။ စာဖတ်ရမယ်ဆိုရင် ထမင်းမစား ဟင်းမစားဘဲလေ။ စာဖတ်တယ်ဆိုတာကလည်း တွေ့ကရာစာတွေကို ဖတ်တာကို ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်အတွက်လည်း အကျိုးရှိမယ်။ ပြီးတော့ ပညာရမယ်။ အသုံးဝင်မယ်ထင်တဲ့စာတွေကို ပြောတာနော်။ ၆ လပိုင်း၊ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ထင်တာပဲ။ ပြီးမယ့်ရက်တော့ မသိသေးဘူး။ ရန်ကုန်မြို့ရဲ့အလယ် ပန်းဆိုးတန်းမှာ ရှိတဲ့ လောကနတ် ပန်းချီပြခန်းမှာ စာအုပ်ဈေးရောင်းပွဲတော်ကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးမှာတဲ့။ ဒါဟာ တကယ့် သတင်းကောင်းဘဲနော်။
posted by yamin @ 6:25 AM
Saturday, May 26, 2007
ဒီနေ့တော့ ကျွန်မ အချိန်ရသွားတယ်လေ။ တရုတ်တန်းကတော့ မဟုတ်ဘူး။ စာသွားသင်ရမှလေ။ တပည့်က မရှိတော့ ပျော်လိုက်တာ။ ဆရာကောင်း ပီသပါပေတယ် ဟိဟိ။ အဲဒါ ပြေးလာတာ။ ပြီတာ့ ဘာရေးမှမှန်းကို မသိဘူး။ အကြံပေးကြပါဦး။ ယမင်းလေ ခုဆို အချိန်က လုနေရတာလေ။ မနက်ပိုင်းကို သင်တန်းတက်တယ်။ ပြီးတော့ အလုပ်သွားတယ်။ အလုပ်ဆင်းတော့ စာသွားသင်တယ်လေ။ အိမ်ပြန်ရောက်တော့ မိုးက အရမ်းချုပ်နေပြီလေ။ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ထမင်းစားဟော ပြီးတော့ အချိန်က ည ၁၂ နာရီထိုးနေပြီ။ ပြီးတော့ စာဖတ်သေးတယ်လေ။ စာက သင်တန်းက စာ ဖတ်ဖို့ မအားဘူးလေ။ သင်ရမဲ့စာကို ကြည့်ရတာ။ ကိုယ်က ဘာမှ မသိဘဲနဲ့ သူများကို ဆရာက သွားလုပ်ချင်သေးတယ်လေ။ ဒီတော့ မိုးလင်းပြန်ထ ဆိုတော့ ပုံမှန်လည်ပတ်နေတယ်နော်။ လောကကြီးက ဒီလိုဘဲနဲ့တူတယ်။
posted by yamin @ 6:35 AM
ြBe a life long or short, its completeness depends on what it was lived for. သင်ဘယ်နေရာမှာ ရှိခဲ့တယ်ဆိုတာ အတိတ်ဘ၀ကို ပြန်ကြည့်ချင်ရင် ကြည့်ပါ။ ဒါပေမဲ့ သတိ ရှိရမှာက အရေးကြီးဆုံး ဘ၀ကတော့ အခု သင် ရှင်သန် အသက်ရှင်နေတဲ့ဘ၀ပဲ ဖြစ်ပါတယ်......
posted by yamin @ 5:26 AM
Monday, May 21, 2007
tdrfa0;Mu,frsm;odkU
aea0;avawmh ajy(jynf)av;&,fwJhvGrf;rdjyef
ajy;uav;ckjyefzdkU tawG;uav;pkjyefawmh
acsmhjrLum apwodwfudkv
NrdKodyfum BudwfrdSwfae&if;
wm0efudkxrf;vdkUae&w,f
wrf;we,fa0;..................................
0gqdkဦး
posted by yamin @ 6:07 AM
ဒီနေ့တော့ ကျွန်မ စာသွားသင်ရမှာကို ခဏလာတာပါ။ ခဏဆို ခဏပါဘဲ။ ပြန်တော့မှာပါ။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတော့ပါဘူး။ အလုပ်က မအားတော့ဘူးလေ။ ကျွန်မလေ အချိန်တွေကို ၀ယ်လို့ရရင် ၀ယ်ချင်ပါတယ်။ ဟီးဟီး။ ဘာလို့လဲဆိုတော့ ကျွန်မ အလုပ်လုပ်ပြီး သင်တန်းတွေတက်ချိန်လို့ပါနော်။ တကယ်ပြောတာပါ။ အချိန်ရောင်းမယ့်သူရှိရင် ကျွန်မကို အကြောင်းကြားပေးပါဦးလို့နော်။ ကျွန်မရဲ့ အားချိန်ကတော့ ကားစီးတဲ့အချိန်ပါ။ ခုတောင်သွားရတော့မယ်။ ကျွန်မ ဘလော့ခ်ကို အရမ်းရေးချင်လွန်းလို့ပါ။ မရတဲ့အချိန်ကို ခဏလာပြီသုံးရတာပါ။ ပြီးတော့ ကျွန်မ ဘာမှမတတ်သေးဘူးလေ။ ကျွန်မ စာသင်တယ်ဆိုတာ လည်း နည်းနည်းပဲ သိတဲ့ပညာကို ဖြန့်ဝေပေးတာပါ။ ဘာမှတော့ မဟုတ်ပါဘူး။ မတောက်တခေါက် တတ်တဲ့အရာ ပေါ့။ အခု ကျွန်မ မနက်ပိုင်းအားတဲ့အချိန်ကို သင်တန်းတက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်မလေ ကိုယ့်ကိုယ်ကိုယ် အရမ်းအားငယ်ပါတယ်။ ဘာမှမတတ်သေးလို့လေ။ စိတ်ဓာတ်လည်း အရမ်းကျတယ်။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။ အခု ကျွန်မလေ အလုပ်တွေ အကုန်လုံး လျှောက်လုပ်တယ်။ စာလည်း သင်တယ်။ အချိန်ပိုင်းလည်း လုပ်တယ်။ ပုံမှန်အလုပ်လည်း လုပ်တယ်။ အင်း.... ပြီးတော့ သင်တန်းလည်း အခု တက်တော့မှာဆိုတော့ ကျွန်မ အချိန်တွေအရမ်းလိုချင်ပါတယ်။ ကူညီကြပါဦးနော်။
posted by yamin @ 5:20 AM
Sunday, May 20, 2007
law ka thabawa arya nay wan chin shi tha lo nay htut chin lae shi tal lal d lo bae lu twae mar lae sate nyit sayar shi yin sate chan thar taw mal so tae artwae twae kyi lite par dar mha law ka mar pyaw shwe chan myae mu shi lar mar pop naw. hote fu lar. arlone d lo bae twae kyi pay par naw.
posted by yamin @ 4:22 AM
အချစ်စကားဆိုတာ တို့စိတ်တွေကို အလင်းရောင်နယ်မြေနဲ့ လောင်ကျွမ်းနေတဲ့ မီးတောက်ဆီ မြှင့်ပို့ဆောင်ပေးမဲ့ ကောင်းကင်ဘုံက တေးတစ်ပုဒ်ဖြစ်တယ်.....
posted by yamin @ 3:20 AM
အတွေးအမြင်များ လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းဘဲ ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်..... ကိုယ့်ဘ၀ကိုယ်သိ၊ ကိုယ့်အားကိုယ်ကိုး လဲရင် ပြန်ထ၊ ဒါဘ၀ဘဲ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည် နေသလို မဖြစ်တဲ့ဘ၀မှာ ဖြစ်သလို မနေပါနဲ့ လူ့ဘုံဆိုတာ လုံ့လ၀ီရိယဘုံပါ အစာငတ်ရင် တစ်ခဏ၊ စာငတ်ရင် တစ်ဘ၀ ဆုံးရှုံးပြီလေ လုပ်ချင်တာထက် လုပ်သင့်တာလုပ်ဖို့ အရေးကြီးတယ် ရောဂါပြင်းလျှင် ဆေးရှိသည်၊ လူပျင်းလျှင် ဆေးမရှိပါ ဘ၀ကြိုးဝိုင်းထဲမှာ ဒုက္ခကို ဇွဲနဲ့ အလဲထိုးပါ အပြောနဲ့ ကဲ့ရဲ့တတ်သူကို အလုပ်နဲ့ အနိုင်ယူပါ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု နှစ်ခုရှိတယ်။ အဲဒါက မိဘနဲ့ အချိန်ဘဲ။ ဟုတ်တယ်နော်။ သူငယ်ချင်းတို့ကော ဘာတွေလုပ်နေလဲဟင်.....
posted by yamin @ 2:06 AM
Thursday, May 17, 2007
d pon ko kyi par oo naw. kyun ma nae to lar lo. hehe. blog mar sar yay ya mar pyin lo pon twae shut hta' htar tr par. bar yay ya ma lae so tar ko arkyan pay bar oo naw.
posted by yamin @ 7:02 AM
Sunday, May 13, 2007
posted by yamin @ 6:35 AM
ကမ္ဘာတစ်ဝှမ်းလုံးက လူအများ မျှော်လင့်တောင့် မက်မောနေကြသော စိတ်ဝင်စားနေသည့် အကြောင်းအရာ တစ်ရပ်ရှိတယ်လို့ ကျွန်မ သိခဲ့ရပါတယ်။ ဒါဟာ ဘာလဲဆိုတော့ အမေရိကန် ဒီဗီဖောင်ပဲ ဖြစ်ပါတယ်။ မိတ်ဆွေကော မဲထည့်ခဲ့မယ်လို့ ယူဆမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းရဲ့ အခွင့်အရေးတစ်ရပ်ဖြစ်လို့ပါဘဲ။ အမေရိကန် ဒီဗီဆိုတာ ဘာလဲ။ ဘာကြောင့် အမေရိကန် ဒီဗီဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာလဲ။ မိတ်ဆွေတို့ကော ဒီအကြောင်းတွေကို သိလားဟင်။ တကယ်တော့ ဒီကိစ္စကြီးက တော်တော် မလွယ်တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ အဆင့်တွေလည်း အများကြီးရှိပါတယ်။ ကျွန်မ သိသလောက်ပေါ့လေ။ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်မ သိသလောက်ကို ပြောပြနိုင်ပါတယ်။ ကျွန်မ ဒီနေ့တော့ ဒီလောက်ပဲ ရေးတော့မယ်နော်။
posted by yamin @ 3:46 AM
ိဒီနေ့တော့ ကျွန်မ အချိန်ခဏရတုန်း ပြေးလာတာ။ အခုတစ်လော အချိန်က ဘယ်လိုမှမရဘူးဖြစ်နေတယ်လေ။ လာချင်လိုက်တာလဲ မပြောချင်ပါဘူး။ ဒါပေမဲ့ ဘယ်လိုမှ မနေနိုင်ဘူး။ အခုက မိုးတွင်းလည်း မဟုတ်ဘဲနဲ့ ရေတွေက ကြီးပြီး မိုးတွေကလည်း အရမ်းရွာတာပဲ။ သွားရလာရတာ အဆင်မပြေဘူး။ မိုးရွာတာကိုတော့ ကြိုက်ပါတယ်။ အိမ်မှာဆိုရင်တော့ နေလို့ကောင်းတယ်။ အိမ်မှာလည်း အမြဲမနေနိုင်ဘူး။ လျှောက်သွားရတာ ပျော်လို့လေ.... ဟိဟိ။ အိမ်စောင့်နတ်က ကန်ချထားတယ်လေ။ ဒါကြောင့် လျှောက်သွားနေရတာ။
posted by yamin @ 2:52 AM
ဝါဆိုနိဒါန်း ဒီနေ့..... တစ်နေ့လုံး အုံ့ဆိုင်း မိုးထုံ့ပိုင်း ထုံ့ပိုင်းရွာ မီးကမလာ တစ်ခါတစ်ရံ လေပြင်းပါ နေခြည်ကို မမြင်ရ ရာသီဥတုကိုက မိုးတွင်းရောက်နေသလား ထင်မှတ်ရ.... ဒီမိုးရွာတော့မည် ရွာမည် ဧကံမုချ ဇလဗေဒဂြိုလ်တု ပေးပို့မှု သတင်းအရ လှိုင်းကြီးခြင်း မိုးသက်လေပြင်းတစ်ခါတစ်ရံ ဟော.... ဒီမိုးရွာချေပြီ လေရော မိုးပါဒုန်းစိုင်း ရိုင်းတော့လေမလား......
posted by yamin @ 2:10 AM
လူ့လောကမှာ ပျော်ပျော်ရွှင်ရွှင်နေရမှ ဘ၀မှာ အသက်ရှင်ရပ်တည်လို့ရမှာပေါ့နော်.... ဒီတော့ အားလုံးပျော်ရွှင်စွာနဲ့ နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ကျွန်မတော့ အခုနည်းနည်း စိတ်ညစ်နေတယ်လေ။ ဘာလို့လည်းတော့ မသိဘူး။
posted by yamin @ 12:39 AM
Wednesday, May 09, 2007
Health is the precious gain and contentment the greatest weath. A trustworthy person is the best kinsman, Nibbana the highest bliss.
posted by yamin @ 3:54 AM
Saturday, May 05, 2007
posted by yamin @ 5:03 AM
Thursday, May 03, 2007
အားလုံးခင်မင်ပါတယ်ောန်။ ဘာတွေရေးရမှန်း သိဘူး။ အကြံပေးကြပါဦးလို့နော်။ ဒီနေ့ မိုးတွေအရမ်းရွာနေတယ်။ ပြီးတော့ ပိတောက်ပွှု့်နေပြီလေ။ အခါလွန် မိုး မဟုတ်ဘူး အခါမရောက်သေးဘူး။ ညတေ။
posted by yamin @ 4:58 AM
ဒီနေ့ ကျွန်မ မအားလို့ ဘာမှာေ ရးဖြစ်ပါဘူးနော်။
posted by yamin @ 4:08 AM